Social Icons

Pages

Tuesday, September 11, 2018

တိုက်ကြီးမြို့နယ်၊ ဥပ္ပုံကျေးရွာ အုပ်စုအတွင်းရှိ သံဃာတော်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် ၁၁-၉-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥပ္ပုံကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ရေကျော်ကျေးရွာရှိ သဒ္ဓမ္မကာရီ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာ ရေးဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။

ဦးစွာ ဆေးကုသရေးအဖွဲ့က သံဃာတော် သုံးပါး၊ ဆရာ၊ ဆရာမ ငါးဦး၊ ကျောင်းသား၊ ကျောင်းသူ ၅ဝ ဦးနှင့် ဒေသခံပြည်သူ ၁ဝဝ ဦးတို့ကို သွေးတိုးရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ 

ထို့နောက် ဆေးကုသရေးအဖွဲ့က ဆေးလိပ်၊ ကွမ်းယာ၊ အရက်တို့၏ အန္တရာယ်အကြောင်း သိကောင်းစရာများကို ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...