Social Icons

Pages

Friday, September 14, 2018

ရထားစီး ခရီးသည်များအား တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်




နေပြည်တော် ၁၄-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့၊ ဆွာချောင်း ရေလှောင်တမံ၊ ရေလွှဲတံခါးကျိုးပေါက်ပြီး မီးရထားလမ်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ရထားလမ်းများအား ပြုပြင်လျက်ရှိရာ ရထားစီးခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာအကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ပို့ဆောင်ပေးလျက် ရှိသည်။ 

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထား ခရီးစဉ်အမှတ်(၃)မှ ခရီးသည် ၇၁၆ ဦး၊ ရထားဝန်ထမ်း ၁ဝ ဦး၊ မန္တလေး- ရန်ကုန်အစုန်ရထား ခရီးစဉ်အမှတ်(၄)မှ ခရီးသည် ၄၉၄ ဦး၊ ရထားဝန်ထမ်း ၁၂ ဦး တို့ကိုလည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေးအဆန်ရထား ခရီးစဉ်အမှတ်(၁၁)မှ ခရီးသည် ၄၁၃ ဦး၊ ရထားဝန်ထမ်း ၁ဝ ဦး၊ မန္တလေး-ရန်ကုန် အစုန်ရထား ခရီးစဉ်အမှတ်(၁၂)မှ ခရီးသည် ၄၁၄ ဦး၊ ရထားဝန်ထမ်း ၁၂ ဦးတို့ကိုလည်း ကောင်း တပ်မတော်မှ မော်တော်ယာဉ်များ ဖြင့် ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ဘူတာ တို့အကြား အပြန်အလှန် ပို့ဆောင်ပေးခဲ့ ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...