Social Icons

Pages

Wednesday, September 19, 2018

ဘိုကလေးမြို့နယ်ရဲစခန်းမှ အချုပ်ခန်းဖောက် ထွက်ပြေးခဲ့သည့် အချုပ်သား သုံးဦးမှ နှစ်ဦးပြန်လည်ဖမ်းဆီးရမိ



ပုသိမ် ၁၉-၉-၂၀၁၈

ဧရာဝတီ တိုင်းဒေသကြီး ဘိုကလေးမြို့မ ရဲစခန်းတွင် ယနေ့နံနက်အစောပိုင်းက အချုပ်သားသုံးဦး အချုပ်ခန်းဖောက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးကို နံနက် ၇ နာရီ မိနစ်၎ဝတွင် ပြန်လည်ဖမ်းဆီး ရမိပြီဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခိုးမှုဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသူ အာကာဂျူး၊ လုယက်မှုနှင့် စစ်ဆေးခံနေရသူ ပိုးဖြူ(ခ)နန္ဒအောင် နှင့်ဓမ္မတာနှင့်ဆန့်ကျင်သော ပြစ်မှုပုဒ်မ ၃၇၇ဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသူ လှနိုင်ဦးတို့သည် ယနေ့နံနက် ၃နာရီမိနစ်၃ဝက အချုပ်ခန်း သစ်သားတိုင်ကို သံဖြတ်လွှဖြင့် ဖြတ်ကာ ထွက်ပြေးလွတ်မြောက်ခဲ့ ခြင်းဖြစ်သည်။

ထွက်ပြေးလွတ်မြောက်ခဲ့သည့် အချုပ်သားများကို ပြန်လည်ဖမ်းဆီးရမိရန် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးရွှေသောင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာ မအူပင်မြို့နယ် ရေလဲကျေးရွာ အနီးလယ်ကွင်းအတွင်း၌ အာကာဂျူးနှင့် ပိုးဖြူ(ခ)နန္ဒအောင်တို့ကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး လှနိုင်ဦးမှာ ဆက်လက်ထွက်ပြေး လွတ်မြောက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"သုံးယောက် ထွက်ပြေးသွားတာပါ။ နှစ်ယောက်တော့ ပြန်ဖမ်းမိပါပြီ။ ထွက်ပြေးလွတ်မြောက်နေတဲ့ တစ်ယောက်ကိုလဲ ပြန်လည်ဖမ်းမိဖို့ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်"ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပြသည်။

လွတ်မြောက်နေသည့် ဘိုကလေးမြို့နယ် ခရေကွဲကျေးရွာတွင် နေထိုင်သူ လှနိုင်ဦး (ဘိုကလေးမြို့မရဲစခန်းမှ (ပ)၃၄၆/၂ဝ၁၈၊ ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှုပုဒ်မ၃၇၇ ဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသူ) အားအမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...