Social Icons

Pages

Wednesday, September 12, 2018

ယခုနှစ်မီနီဘတ်ဂျက် ငါးလတာကာလအတွင်း နိုင်ငံပေါင်း ၄ဝ ကျော်ကို ဆန်တန်ချိန် ၇၇၈၃၆၈ ဒသမ ၃၃ မက်ထရစ်တန် တင်ပို့ထား


နေပြည်တော် ၁၂-၉-၂ဝ၁၈

ယခုမီနီဘတ်ဂျက်ကာလ ငါးလတာအတွင်း ပြည်ပနိုင်ငံပေါင်း ၄၂ နိုင်ငံသို့ ဆန်တန်ချိန် ၇၇၈၃၆၈ ဒသမ ၃၃ မက်ထရစ်တန်ကို တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၇၉ ဒသမ ၄၈၄သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းများအရ သိရသည်။

ထိုသို့တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းတို့မှ တင်ပို့ခဲ့ရာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တင်ပို့မှုပိုမို များပြားကြောင်း သိရသည်။

ထိုသို့တင်ပို့ရာတွင် ဆန်အပြင် ဆန်ကွဲကိုပါ တင်ပို့လျက်ရှိပြီး မီနီဘတ်ဂျက် ငါးလတာအတွင်း ဆန်ကွဲမက်ထရစ် တန်ချိန်ပေါင်း ၂ဝ၅၄၂၃ ဒသမ ၇၁ တန်ကိုလည်း နိုင်ငံပေါင်း ၁၅ နိုင်ငံထိ တင်ပို့ထားနိုင်ခဲ့ပြီး ဆန်ကွဲပို့ကုန် ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၆၉၇သန်း ရရှိထားကြောင်း သိရသည်။

ယခုမီနီဘတ်ဂျက်ကာလ ငါးလတာ အချိန်အတွင်း မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် စုစုပေါင်း ၉၈၃၇၉၂ ဒသမ ဝ၄ မက်ထရစ်တန်ကို နိုင်ငံပေါင်း ၅၇နိုင်ငံသို့ တင်ပို့ထားနိုင်ခဲ့ပြီး ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေအဖြစ်အမေရိကန် ဒေါ်လာ ၃၄၁ ဒသမ ၁၈၁ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းများအရ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...