Social Icons

Pages

Tuesday, August 14, 2018

မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေရာမှ တရားမဝင်လက်နက်ကိုင်ဆောင်သူ နှစ်ဦးကို ဖမ်းမိ



ပင်လည်ဘူး ၁၄-၈-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးကသာခရိုင် ပင်လည်ဘူးမြို့တွင် မူးယစ်ဆေးဝါး သတင်းအရ သွားရောက် ရှာဖွေဖမ်းဆီးရာမှ တရားမဝင် လက်နက်ကိုင်ဆောင်သူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပင်လည်ဘူး မြို့မရဲစခန်းမှ သိရသည်။

ကင်းပန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ဝင်း ဦးဆောင်သော မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လူငယ်အဖွဲ့နှင့် ပင်လည်ဘူးမြို့ မြို့မ-၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတိုးပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၃ရက် နံနက် ၁ နာရီခန့်က မူးယစ်ဆေးဝါးသတင်း ရရှိသည့် နေရာများကို သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးရာ ချင်းကုန်း ကျေးရွာအနောက်ဘက် သစ်ဖြူကျင်းကျေးရွာ-ညောင်ကုန်းကျေးရွာ သွားလမ်း၌ ဆိုင်ကယ်ကိုယ်စီဖြင့် စီးနင်းလာသော လူနှစ်ဦးကို တားဆီးစဉ် တစ်ဦးမှာ နံပါတ် (၂) လေသေနတ်တစ်လက် လွယ်ထားသည်ကိုတွေ့ရှိရ၍ ထိန်းသိမ်းထားကြောင်း ပင်လည်ဘူးမြို့မ ရဲတပ်ဖွဲ့စခန်းက သိရှိရ၍ မြို့နယ်ရဲမှူး ရဲမှူးအောင်မင်းစိန် ဦးစီးသော တပ်ဖွဲ့ဝင်များသည် အချင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ဝါးယူသာကျေးရွာနေ သိန်းစိုး(ဘ) ဦးသန်းမောင်၊ မြေသာကျေးရွာနေ မျိုးမင်းကျော် (ဘ) ဦးကျော်မြင့်တို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို သက်သေများရှေ့တွင် ရှာဖွေရာ မျိုးမင်းကျော်ထံမှ နံပါတ်(၂) လေသေနတ် တစ်လက်နှင့် လေသေနတ်ပစ်ခဲကျည် ၁၂ဝပါတစ်ဘူး၊ စိုးသိန်းလွယ်ထားသည့် LADIZULO အနက်ရောင် ဘေးလွယ်အိတ်အတွင်းမှ MADE IN NAGA တံဆိပ်ပါ လုပ်သေနတ် အတိုတစ်လက်၊ KF တံဆိပ်ပါ ကျည်လေးတောင့်၊ဆိုင်ကယ်နှစ်စီး၊ VIVO တံဆိပ်ပါ ဖုန်းတစ်လုံးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းစိုး၊ မျိုးမင်းကျော်တို့ကို ပင်လည်ဘူးမြို့မရဲစခန်းက (ပ)၆၈/၂ဝ၁၈၊ လက်နက်ဥပဒေပုဒ်မ-၁၉ (စ)ဖြင့် စစ်ဆေးဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...