Social Icons

Pages

Tuesday, August 14, 2018

မကွေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၈ ခုနှစ် ဧပြီလမှဇူလိုင်လထိ တရားမဝင်သစ်တန် ၆ဝဝ ကျော်နှင့် ယာဉ်၊ ယန္တရား ၅၉ စီးဖမ်းနိုင်ခဲ့



မကွေး ၁၄-၈-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ၂ဝ၁၈ခုနှစ် ဧပြီလမှ ဇူလိုင်လထိတရားမဝင် သစ်တန် ၆ဝဝ ကျော်နှင့် ယာဉ်၊ ယန္တရား ၅၉စီး ဖမ်းဆီးဆောင်ရွက် နိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပြ၍ သိရသည်။

မကွေးတိုင်း ဒေသကြီးအတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးခြင်းလုပ်ငန်းများကို စီမံချက်ချမှတ် ဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ စစ်ကြောင်းများ ဖြင့်လည်းကောင်း၊ ပြည်သူပူးပေါင်းပါဝင်မှု လူထုအခြေပြု 'စောင့်၊ကြပ်၊ ကြည့်ရှု' သတင်းပို့စနစ်ဖြင့် လည်းကောင်း ဖမ်းဆီးဆောင်ရွက်ခဲ့ရာ ၂ဝ၁၈ခုနှစ် ဧပြီလမှ ဇူလိုင်လထိ တရားမဝင် သစ်တန်ပေါင်း ၆၅၆ဒသမ၂၈၃၃ တန် ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် ယာဉ်၊
ယန္တရား ၅၉စီးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားမဝင်သစ်နှင့်ယာဉ်၊ ယန္တရားများကို အမှုပေါင်း ၂၇၆မှု အမှုဖွင့်အရေးယူဆောင်ရွက် နိုင်ခဲ့ကြောင်း ၎င်းးက ပြောပြသည်။

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်က တရာမဝင်ဖမ်းဆီးရရှိခဲ့သည့် သစ်တန်ပေါင်း ၁၉၅ဝ ဒသမ ၈၂၆၃ တန်နှင့် တရားမဝင် ယာဉ်၊ ယန္တရား၂၈၆စီး ဖမ်းဆီးရရှိခဲ့ပြီး အမှုပေါင်း ၁၁၄၉မှုကို အမှုဖွင့် အရေးယူဆောင်ရွက် နိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဦးမြင့်ဇော်က ပြောပြသည်။

အဆိုပါ တရားမဝင် သစ်နှင့်ယာဉ်၊ ယန္တရားများကို မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ဂန့်ဂေါခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင် ငါးခရိုင်တွင် သရက်ခရိုင်အတွင်းမှ အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...