Social Icons

Pages

Wednesday, August 29, 2018

မှော်ဘီမြို့နယ်၊သာယာကုန်းကျေးရွာရှိ သီရိမင်္ဂလာမှန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်





နေပြည်တော်  ၂၉-၈-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊သာယာကုန်းကျေးရွာရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က   အဆိုပါကျေးရွာရှိ သီရိမင်္ဂလာမှန်ကျောင်း(သာယာကုန်း ရွာလယ်ကျောင်း)၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ သံဃာတော်သုံးပါး၊ ဆရာ၊ ဆရာမရှစ်ဦး၊ ကျောင်းသား၊ ကျောင်းသူ ၃၂ ဦးနှင့် ဒေသခံပြည်သူ ၉၄ ဦးတို့ကို   ဆီးချို၊ သွေးချိုရောဂါ၊  သွေးတိုးရောဂါ၊  နှလုံးရောဂါ ၊  နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ခြင်အန္တရာယ် ကင်းဝေးစေရန် ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သော နေရာများ၌ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...