Social Icons

Pages

Wednesday, August 29, 2018

ဇေယျာသီရိမြို့နယ်ရှိ တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှု အားပေး





နေပြည်တော် ၂၉-၈-၂ဝ၁၈

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော် သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် တပ်မတော်သား မိသားစု ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးသည်။

တွေ့ဆုံရာတွင် တိုင်းမှူးက လူနာတစ်ဦးချင်းစီ၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသ ပေးထားမှုများနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...