Social Icons

Pages

Wednesday, August 29, 2018

ကော့သောင်းမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားတွေ့ဆုံ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်




နေပြည်တော်  ၂၉-၈-၂ဝ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအားသြဂုတ် ၂၇ ရက်တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက မြို့နယ်စစ်မှုထမ်းဟောင်းရုံး၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ   အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်စုစုပေါင်း ၁၂၁ ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ဆီးချိုရောဂါ၊  နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊   သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံလွှဲပြောင်းကုသရန် လိုအပ်သော လူနာများအား ကော့သောင်းမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကော့သောင်းမြို့၊ မြို့လယ်ကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တဇဝနအား ဖူးမြော်ကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က မြိတ်မြို့နယ်၊ ပနိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၂၂ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက် ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ တစ်ကိုယ်ရေသန့်ရှင်းရေး တို့နှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။    

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...