Social Icons

Pages

Thursday, August 9, 2018

ခမ်းပတ်မြို့နယ်အတွင်း ငွေကျပ်သိန်း ၆ဝဝဝ ကျော်တန်ဖိုးရှိ လက်နက်နှင့်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော် ၉-၈-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး ခမ်းပတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဘုက္ထန်ကျေးရွာနှင့် ထင်းဇင်ကျေးရွာအကြား စောင့်ဆိုင်းနေစဉ် သြဂုတ်၇ရက် ညနေ၅နာရီ မိနစ် ၄ဝ ခန့်တွင် ကလေးမြို့ဘက်မှ တမူးမြို့ဘက်သို့ ကလေးမြို့ ပင်လုံရပ်ကွက် ဗိုလ်ချုပ်လမ်းနေ နောင်ရိုး (ဘ) ဦးအောင်ဇင်ဦး မောင်းနှင်ပြီး မန္တလေးမြို့ မ-၉/၃ဝ၊ ၆၄လမ်း× သိပ္ပံလမ်းထောင့်နေ စိုင်းလောင်ထွန်း(ဘ)ဦးစိုင်းထွန်းနိုင် လိုက်ပါလာသည့် Caldina မျိုးအစား ခဲရောင်ယာဉ်အမှတ်၊YGN 2G /----ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ယာဉ်ရှေ့ခန်း ဘယ်ဘက်ခြမ်း အရှေ့တူးဘောက်အတွင်းမှ ခြောက်လုံးပြူး တစ်လက်၊ ယာဉ်နောက်ခန်း ခရီးဆောင်အိတ် အတွင်းမှ အဝါရောင် ကော်ပုံးနှစ်ပုံးတို့ဖြင့် ထည့်ထားသည့် ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၉၃၅၅ဝပြား ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၇၁သိန်းနှင့် ICE ၅ဒသမ ၅ကီလိုဂရမ် ခန့်မှန်းတန်ဖိုးငွေကျပ်၄၄ဝဝသိန်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၇၁သိန်း ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ခမ်းပတ်မြို့ရဲစခန်း၌ အသေးစိတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...