Social Icons

Pages

Thursday, August 9, 2018

ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်တွင် ခြင်ဆေးခွေထွန်းထားရာမှ စာအုပ်ပုံကိုမီးကူးစက်၍ နေအိမ်ခုနှစ်လုံးမီးလောင်ဆုံးရှုံး



မန္တလေး ၉-၈-၂ဝ၁၈

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် ၅၄လမ်း x၅၅လမ်းနှင့် ကျန်စစ်သားလမ်း၊ ဘုရင့်နောင်လမ်းကြား အကွက်အမှတ် (ထထ-၁၃) အိမ်အမှတ် (၅၇) ပိုင်ရှင်ဦးသိန်းသိန်းဦး၏ တစ်ထပ်နေအိမ်တွင် ယနေ့ နံနက် ၃နာရီ ၅၅မိနစ်က ခြင်ဆေးခွေကို အောက်ခံပြားမပါဘဲ ထွန်းထားရာမှ အနီးရှိ စာအုပ်ပုံကို မီးကူးစက်၍ နေအိမ်ခုနစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် အစီး ၄ဝ၊ ရေသယ်ယာဉ် ၁ဝ စီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ဦးရေ ၁၁ဝ၊အရန်မီးသတ်တပ် ဖွဲ့ဝင်ဦးရေ ၁၉ဝ တို့ဖြင့်သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ယနေ့နံနက် ၄နာရီ ၂၅မိနစ်က မီးထိန်းနိုင်ခဲ့ပြီး နံနက်၎နာရီ ၃၅ မိနစ်တွင် မီးလုံးဝ ငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ပေ(၂ဝx၃ဝ) သွပ်မိုး၊ထရံကာ တစ်ထပ်နေအိမ်တစ်လုံး၊ ပေ(၁ဝx၂ဝ) သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ်လေးလုံး၊ ပေ(၂ဝx၃ဝ) ပျဉ်ကာ၊ ပျဉ်ခင်း၊သွပ်မိုး နှစ်ထပ်နေအိမ်တစ်လုံး၊ ပေ(၁ဝx၄ဝ) အုတ်ညှပ်နံကပ် တစ်ထပ်နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်ခုနစ်လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၆၄၆ဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ပိုင်ရှင် ဦးသိန်းသိန်းဦး၏ဇနီး ဖြူဖြူသင်း (ဘ) ဦးတင်ဆွေကို ပြည်ကြီး တံခွန်မြို့နယ် စက်မှုဇုန်နယ်မြေ ရဲစခန်းက (ပ)၃၉၇/၂ဝ၁၈၊ဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...