Social Icons

Pages

Thursday, July 5, 2018

ပြည်ကြီးတံခွန်မြို့နယ်ရှိ RC လေးထပ် Rose ကွတ်ကီးနှင့် မုန့်စက်ရုံအတွင်း မီးလောင်မှုဖြစ်ပွား



မန္တလေး ၅-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် (ဈ)ရပ်ကွက် သခင်ဖိုးလှကြီး လမ်းနှင့် ၅၂-၅၃ လမ်းကြား ပိုင်ရှင် ဦးကျော်မင်းအောင်၏ ပေ (၅ဝ×၁ဝဝ)၊ ပေ (၅ဝ × ၁၅ဝ) ရှိသော L shape ပုံသဏ္ဌာန် RC လေးထပ် Rose ကွတ်ကီးနှင့် မုန့်စက်ရုံအတွင်း ညနေ ၄နာရီ ၁၈ မိနစ်က အပေါ်ဆုံးထပ်မျက်နှာ ကြက်တွင် တပ်ဆင်ထားသော လေးပေမီးချောင်းချုပ် အပူလွန်ကဲရာမှ မီးပွားများ ချပ်ဖာပေါ်သို့ကျကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ် ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်အစီး ၃ဝ၊ မီးသတ်ရေသယ်ယာဉ်အစီး ၂ဝ၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ အထပ်မြင့် မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေဘောက်ဆာသုံးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ဦးရေ ၁၂ဝ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးရေ ၁၈ဝ တို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ် ရေဂါလန် ၆၄ဝဝ၊ မီးကြွင်းမီးကျန် ဂါလန် ၂၄ဝဝ အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ညနေ ၄နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၅ နာရီတွင် မီးလုံးဝ ငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရသေဆုံးမှု မရှိကြောင်းနှင့် (၂×၂)ပေ ချပ်ဖာအခွံအခု ၁၅ဝဝ ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၄၅ဝဝဝဝခန့်နှင့် လေးပေမီးချောင်း၊ ဝိုင်ယာကြိုး အနည်းငယ်ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၅ဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၄၅၅ဝဝဝ ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူ ဦးမျိုးမြင့် (ဘ) ဦးမောင်မောင်ကို ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်နယ်မြေ ရဲစခန်းက ပ-၃၂၆/၂ဝ၁၈၊ ဥပဒေပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...