Social Icons

Pages

Thursday, July 5, 2018

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါတပ်မတော်ကြည်းတပ်ဦးစီး ချုပ် General Rajendra Chhetri အားဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ် General Rajendra Chhetri တို့ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတီတအဖွဲ့က ပဒေသာအကများဖြင့် သီဆို၊ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်။

နေပြည်တော် ၅-၇-၂ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ် General Rajendra Chhetri အားယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ဂုဏ်ပြု ညစာဖြင့်တည်ခင်း ဧည့်ခံသည်။

အဆိုပါဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှတပ်မတော် အရာရှိကြီး များနှင့်နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ တက်ရောက်ကြပြီး နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးH.E. Mr. Bhim K. Udas နှင့်ဇနီး၊ နီပေါတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ညစာအား အတူတကွ သုံးဆောင် ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန် ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြ၀တီတေးဂီတအဖွဲ့နှင့် ပြင်ဦးလွင်မြို့နယ်၊ နီပေါ၊ ဂေါ်ရခါးယဉ်ကျေးမှု အဖွဲ့တို့က နှစ်နိုင်ငံ တေးသီချင်းများ၊ ပဒေသာအကများဖြင့် သီဆို၊တီးမှုတ်၊ ကပြဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ်နှင့် ဇနီးတို့သည်အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး သီဆိုကပြ ဖျော်ဖြေခဲ့ကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများနှင့် နီပေါ၊ ဂေါ်ရခါး ယဉ်ကျေးမှု အဖွဲ့တို့အား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ် ကြပြီးအမှတ် တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...