Social Icons

Pages

Thursday, July 5, 2018

ယာဉ်မောင်းအိပ်ငိုက်၍ ၁၂ ဘီးယာဉ် လမ်းဘေးထိုးကျ တိမ်းမှောက်



ညောင်လေးပင် ၅-၇-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ထိန်တစ်ပင်ကျေးရွာ အနီးတွင် ယနေ့ နံနက် ၄ နာရီခန့်က ယာဉ်မောင်းအိပ်ငိုက်၍ ရန်ကုန်မှ ဆန်များတင်ဆောင် လာသော ၁၂ဘီးယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ မန္တလေးဘက်သို့ ဆန်များတင်ဆောင်၍ ယာဉ်မောင်း ငြိမ်းအေးမောင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နေသူ မောင်းနှင်၍ ယာဉ်နောက်လိုက် အောင်လွင်ဦး (နေရပ်လိပ်စာတူ) လိုက်ပါလာသော ယာဉ်အမှတ် 4D/----ခေါင်းပြာ ၁၂ဘီးယာဉ်သည် ညောင်လေးပင်မြို့နယ် ထိန်တစ်ပင် ကျေးရွာအနီး ရန်ကုန်မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၁ဝ၅/ဝ)နှင့်(၁ဝ၅/၁) ကြားတွင် လမ်းယာဘက်ချိုင့်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသူများတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ငြိမ်းအေးမောင်ကို ပိန်းဇလုပ်နယ်မြေ ရဲစခန်းက (ပ)၁၅/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...