Social Icons

Pages

Wednesday, July 18, 2018

ရန်ကုန်စတော့အိတ်ချိန်း၏ အနာဂတ်စီးပွားရေးလေ့လာနိုင်ရန် Investor Promotion Seminar ကျင်းပ



ရန်ကုန် ၁၈-၇-၂ဝ၁၈

ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ၏ လက်ရှိအခြေအနေများနှင့် အနာဂတ်စီးပွားရေး အလားအလာများကို လေ့လာသုံးသပ် နိုင်ရေးအတွက် Investor Promotion Seminar ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်၏ သတင်းများအရ သိရသည်။

Investor Promotion Seminar ကို စတော့ရှယ်ယာ ဈေးကွက်များ၏ ရင်းနှီးမြှုပ်နှံမှုများ အတွက် အရေးကြီးသော လေ့လာမှု တစ်ခုဖြစ်သည့် စာရင်းဝင်ကုမ္ပဏီများ၏ လက်ရှိအခြေအနေများနှင့် အနာဂတ်စီးပွားရေး အလားအလာများကို လေ့လာသုံးသပ် နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Investor Promotion Seminar ကိုဇူလိုင် ၂၁ ရက်တွင် ရန်ကုန်မြို့ စတော့အိတ်ချိန်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ Investor Promotion Seminar တွင် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေနှင့် မြန်မာ့ အရင်းအနှီးဈေးကွက်၏ အခန်းကဏ္ဍကို သုံးသပ်ဆွေးနွေး တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်စာရင်းဝင် ကုမ္ပဏီများ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးဆိုင်ရာ လေ့လာသုံးသပ် ချက်များနှင့် ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာ နှစ်အတွက် အနာဂတ်စီးပွားရေး အလားအလာများနှင့် သက်ဆိုင်သော အကြောင်းအရာများကို စာရင်းဝင် ကုမ္ပဏီများ၏ တာဝန်ရှိသူများက ဆွေးနွေးပြောကြား ပေးမည်ဖြစ်သည်။ ထို့ကြောင့် Investor Promotion Seminar သို့ တက်ရောက် လိုသူများအနေဖြင့် ဖုန်း ဝ၁-၃၇၁၂၇၄ ၊ ဝ၁-၃၇၁၂၇၆နှင့် ဝ၉- ၇၆၂၆၉ဝ၅၆ဝသို့ ဇူလိုင် ၂၁ရက်နောက် ဆုံးထားစာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်နှင့် ပတ်သက်၍ စိတ်ဝင်စားမှုများရှိလာကာ အလားအလာရှိသော အများပိုင်ကုမ္ပဏီများက မကြာခဏစုံစမ်း မေးမြန်းမှုများရှိ လာသဖြင့် မေးမြန်းလေ့ရှိသော မေးခွန်းများနှင့် ဖြေကြားချက်များကို ရန်ကုန်စတော့ အိတ်ချိန်း Web Page တွင် လွှင့်တင်ပေးထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...