Social Icons

Pages

Wednesday, July 18, 2018

ကျောက်စိမ်းအရိုင်းတုံးများ တင်ဆောင်ထားသော မော်တော်ယာဉ်တစ်စီး သိမ်းဆည်းရမိ



နေပြည်တော် ၁၈-၇-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်ရှိ ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများကို စစ်ဆေးစဉ် ယနေ့နံနက် ၇နာရီခွဲခန့်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၉၈မိုင် သုံးဖာလုံရှိ ရေပူကျေးရွာအနီး၌ ရပ်တန့်ထားသော CANTER 6W အမျိုးအစား မော်တော်ယာဉ်အမှတ် YGN 8M/----နှင့် ယာဉ်ပေါ်တွင် တင်ဆောင်ထားသော ကျောက်စိမ်း အရိုင်းတုံးဆိုဒ်စုံ ၁ဝ၄တုံး (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁ဝဝဝကျော်)ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် ကျောက်စိမ်း အရိုင်းတုံးများကို လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...