Social Icons

Pages

Monday, June 25, 2018

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၉၇၃တွဲကို ယူရို ၃ ဒသမ ၅၃ဝသန်းဖြင့် ရောင်းချခဲ့



နေပြည်တော် ၂၅-၆-၂ဝ၁၈

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲ ၉၇၃ တွဲကို ယူရိုငွေ ၃၈ ဒသမ ၅၃ဝ သန်းဖြင့်ရောင်းချခဲ့ကြောင်း သိရသည်။

ယနေ့ပြပွဲတွင် အခြေခံဈေး ယူရိုငွေ ၄ဝဝဝ နှင့်အထက် တန်ဖိုးသတ်မှတ်ထားသည့် ကျောက်စိမ်း အတွဲအမှတ် (၁) မှ (၁၁၅ဝ) ထိ အတွဲပေါင်း ၁၁၅ဝ ကို ရတနာကုန်သည်များ ထံအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ပြပွဲသို့ ပြည်တွင်းပြည်ပ ရတနာကုန်သည် စုစုပေါင်း ၄ဝဝဝကျော် တက်ရောက်၍ အခြေခံဈေး ယူရိုငွေ ၄ဝဝဝနှင့်အထက် တန်ဖိုးသတ်မှတ်ထားသည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှုလေ့လာ ကြကာသက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်း အဆိုပြုလွှာများကို ထည့်သွင်းကြသည်။

(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်းအရိုင်းနှင့် ကျောက်စိမ်း အချောထည်အတွဲ စုစုပေါင်း ၆၇၉၅ တွဲကို ခင်းကျင်းပြသထားကာ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုပြပွဲသို့ ပြည်တွင်း ကျောက်စိမ်း၊ ကျောက်မျက် အချောထည် ပစ္စည်းဆိုင်ခန်း ပေါင်း ၄ဝ ကျော် လာရောက်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး ကျောက်မျက်ရတနာ သင်တန်းကျောင်း (နေပြည်တော်)မှ သင်တန်းသား သင်တန်းသူ များ၏ ကျောက်စိမ်း၊ ကျောက်မျက်၊ ပယင်း အချောထည်ပစ္စည်းအပြင် ကနုကမာအချောထည် လက်မှုပစ္စည်းများကိုလည်း ခင်းကျင်းပြသရောင်းချ ပေးလျက်ရှိသည်။

ကျောက်စိမ်း အတွဲအမှတ် (၁၁၅၁)မှ (၂၃ဝဝ) ထိ တင်ဒါအောင်စာရင်းကို ဇွန် ၂၅ ရက်တွင် ကြေညာသွားမည် ဖြစ်ပြီး ကျောက်စိမ်းအတွဲအမှတ် (၂၃ဝ၁)မှ (၃၄၅ဝ)ထိကိုဇွန် ၂၆ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၃၄၅၁)မှ (၄၆ဝဝ)ထိကို ဇွန်၂၇ ရက်တွင် လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ် (၄၆ဝ၁)မှ (၅၇၅ဝ)အထိကို ဇွန်၂၈ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၅၇၅၁)မှ (၆၇၉၅)ထိကို ဇွန် ၂၉ ရက်တွင်လည်းကောင်း တင်ဒါအောင်စာရင်းများကို ကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...