Social Icons

Pages

Thursday, June 7, 2018

အနော်ရထာမင်းကြီး တည်ဆောက်ခဲ့သည့် ပခုက္ကူမြို့နယ် ကန်တော်ဒေသရှိ ရေထိန်းကန် ကျိုးပေါက်



နေပြည်တော် ၇-၆-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာအုပ်စု ကန်တော်ကျေးရွာရှိ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အနော်ရထာမင်းကြီး တည်ဆောက်ခဲ့သည့် ကန်တော်ဒေသ ရေထိန်းကန်မှာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ယနေ့တွင် ကျိုးပေါက်သွားခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (နေပြည်တော်)မှ သိရသည်။

ကန်တော်ဒေသ ရေထိန်းကန်မှ ရေပိုရေလွှဲပေ ၃ဝဝခန့်အနက် ပေ ၁ဝဝ ခန့်သည် ယနေ့နံနက် ၅ နာရီခန့်က ကျိုးပေါက်ခဲ့ပြီး အဆိုပါရေပိုလွှဲမှ ရေကျော်မှုများကြောင့် ပခုက္ကူ-ကမ္မလမ်း မိုင်တိုင်အမှတ် ၁၁/၂ ကန်တော်အရှေ့ရေကျော်တွင် တစ်ပေခန့်ရေကျော်မှု ဖြစ်ပွားခဲ့ကာ ယာဉ်သွားလာမှုများ ခေတ္တရပ်ဆိုင်း ခဲ့ရကြောင်း သိရသည်။

ကန်တော်ဒေသ ရေထိန်းကန် ရေကျော်များမှုကြောင့် တာဝန်ရှိသူများက ဆက်လက်ထိန်းချုပ်မရဘဲ ကျိုးပေါက်သွားခဲ့သဖြင့် ရေပိုလွှဲနှင့် ကန်ပေါင်များ ထပ်မံမပျက်စီးစေရန်နှင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲ မဖြစ်စေရန် အတွက်သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း) မှ တာဝန်ရှိသူများ၊ မီးသတ်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စက်အား၊ လူအားများဖြင့် ဝိုင်းဝန်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါကန်တော် ဒေသရေထိန်းကန်မှာ အနော်ရထာမင်းကြီး တည်ဆောက်ခဲ့သော ကန်တစ်ကန်ဖြစ်ပြီး ကျေးရွာဒေသခံများက ထိန်းသိမ်းစောင့်ရှောက် ထားခြင်းဖြစ်ကာ ယင်းကန်သည် ရေဆင်းဧရိယာ ကျယ်ပြန့်ခြင်းကြောင့် ရေဝင်များသည့် ကန်တစ်ကန် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...