Social Icons

Pages

Wednesday, June 20, 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘေးရှိ ကျူးကျော်သူများ ဖယ်ရှားမပေးပါက တရားစွဲ အရေးယူသွားမည်



ပဲခူး ၂ဝ-၆-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရန်ကုန်မန္တလေး အမြန်လမ်းမကြီး ဘေးတစ်ဖက်တစ်ချက် ဧရိယာများတွင် ကျူးကျော်ဝင်ရောက် နေထိုင်သူများကို ဖယ်ရှားပေးရန် သတိပေးစာ အကြိမ်ကြိမ် ထုတ်ပြန်ထားပြီး ဖယ်ရှားမပေးပါက တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း အမြန်လမ်းမကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

အမြန်လမ်းမကြီး ဧရိယာအတွင်း ကျူးကျော် အဆောက်အအုံဆောက်၍ နေထိုင်သူများနှင့် ခြံစည်းရိုးတိုင် စိုက်ထူသူများကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးနှင့် လုံခြုံရေးဌာန၏ ညွှန်ကြားချက်အရ ဖယ်ရှားပေးရန် မေ ၁၅ရက်ကပထမအကြိမ် သတိပေးစာထုတ်ပြန် ပေးခဲ့ပြီး ၁၅ ရက်တစ်ကြိမ်ကျဖြင့် (၄) ကြိမ် ထုတ်ပြန်ပေးကာ ဖယ်ရှားမပေးပါက သက်ဆိုင်ရာမြို့နယ် တို့မှတစ်ဆင့် တရားစွဲဆိုအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

"သမ္မတရုံးရဲ့ ညွှန်ကြားချက်အရ အမြန်လမ်းမကြီး ဘေးကျူးကျော်နေသူတွေကို နို့တစ်စာထုတ်ပြီး ဖယ်ရှားခိုင်းနေပါပြီ။ ဖယ်မပေးရင် သက်ဆိုင်ရာ မြို့နယ်တွေကတစ်ဆင့် တရားစွဲဆို သွားမှာပါ။ အမြန်လမ်းမကြီး လမ်းပိုင်နယ်နိမိတ်က ပေ ၄ဝဝ ရှိပါတယ်။ တရားဝင်ဖြစ်ပြီးသားပါ။ အရင်ကတော့ လမ်းဘေးကျူးကျော်တဲ့ သူတွေကို ဖယ်ခိုင်းလို့ ရပါသေးတယ်။ နှစ်နှစ်တာ ကာလအတွင်းမှာ ကျူးကျော်တဲ့သူတွေ ပိုများပြားလာပြီး ဖယ်ခိုင်းလို့လဲ မရတော့ပါဘူး" ဟု အမြန်လမ်းမကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတူးတူးက ပြောပြသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး နယ်နိမိတ်၊ မိုင်တိုင်အမှတ် (၂၆/၄)နှင့် ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်ကြား နယ်နိမိတ် မိုင်တိုင်အမှတ်(၁၈၅)ထိ လမ်းဘေးပေ၂ဝဝအတွင်း ကျူးကျော်တဲများနှင့် ခြံစည်းရိုးခတ်သူဦးရေ ၃ဝဝ ကျော်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...