Social Icons

Pages

Monday, June 11, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်း ကျက်စားနေသည့် တောဆင်ရိုင်းများ ဖမ်းဆီးပစ်သတ်ခြင်း မခံရစေရန် ပူးပေါင်း အဖွဲ့များဖြင့် ထိန်းသိမ်းမည်



မန္တလေး ၁၁-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်း ကျက်စားနေသည့် တောဆင်ရိုင်းများကို ဖမ်းဆီး ပစ်သတ်ခြင်းများ မခံရစေရန် ပူးပေါင်းအဖွဲ့များဖြင့် ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် လေ့လာစောင့်ကြည့် ရေးအဖွဲ့မှ တရားမဝင် ရောင်းဝယ်ဖောက်ကား မှုတားဆီးရေး ဆိုင်ရာညှနှိုင်းရေးမှူး ကပြောပြ၍ သိရသည်။

တောဆင်ရိုင်းများ မျိုးသုဉ်းမှုနှင့် သတ်ဖြတ်ခြင်းများ မခံရစေရန် ထိန်းသိမ်းမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တောဆင်ရိုင်းများ ကျက်စားနေထိုင်သည့် ဒေသများတွင် ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိပြီးတောရိုင်း တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းများ မပြုလုပ်ရန် အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တောဆင်ရိုင်းများကို ထိန်းသိမ်းနိုင်ရန်အတွက် သစ်တောဦးစီးဌာန၊ တောရိုင်းတိရစ္ဆာန် လေ့လာစောင့်ကြည့်ရေးအဖွဲ့၊အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ပြည်သူများ ပူးပေါင်း၍ တောဆင်ရိုင်းများ ကျက်စားသည့် နေရာများသို့ ဆင်ပစ်မုဆိုးများ ရောက်ရှိမှု မရှိစေရေးအတွက် စခန်းချကာ ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာဆိုရင် တောဆင်ရိုင်းတွေ တဖြည်းဖြည်း လျော့နည်းလာတယ်။ ဒါတွေ ထိန်းသိမ်းနိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အခုလိုမျိုး လုပ်ဆောင်နေပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာဆိုရင်တောဆင်ရိုင်း ထိန်းသိမ်းမှု စတင်လုပ်ဆောင်နေပါပြီ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ကျက်စားနေသည့် တောဆင်ရိုင်းအကောင် ၆ဝကျော်ရှိကြောင်း ခန့်မှန်းထားပြီး တိုင်းဒေသကြီးအတွင်းရှိ ဘေးမဲ့တော များတွင်လည်း ကျက်စားနေသည့် တောဆင်ရိုင်းများ ရှိသေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...