Social Icons

Pages

Wednesday, June 20, 2018

မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်လာသူ သုံးဦး ဖမ်းဆီးရမိ


နေပြည်တော် ၂ဝ-၆-၂ဝ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးရှိ နတ်မြစ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၂ နာရီ ၂၅ မိနစ်ခန့်တွင် မောင်တောမြို့၏ အနောက်ဘက် ရေမိုင် ၁၂ မိုင်ခန့်အကွာ၌ လက်ခတ်လှေ တစ်စီးကို တွေ့ရှိသဖြင့် စစ်ဆေးရာ မောင်တောမြို့နယ်၊ ဦးရှေဂျကျေးရွာနေ မာမက်ဒူလာ (ဘ) ဟာဘီဆာမွတ်၊ မာမက်အီနုစ် (ဘ) ဟာမီဟူဆောင်း နှင့် မာမွတ်မြာ(ဘ) ဟာဘီတို့ကို WY/R စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝဝဝ (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၅ဝဝခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိသူများကို တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် မောင်တောမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...