Social Icons

Pages

Thursday, June 14, 2018

ချင်းတွင်းမြစ်အတွင်း စက်လှေတစ်စီးနစ်မြုပ် အမျိုးသမီးတစ်ဦး သေဆုံး



ဟုမ္မလင်း ၁၄-၆-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက် ကမ်းနားလမ်းအနီးရှိ ချင်းတွင်းမြစ်အတွင်း ယနေ့ မွန်းလွဲပိုင်းက ဟုမ္မလင်းမြို့မှ ကောယားကျေးရွာသို့ နေ့ချင်းပြန် ပြေးဆွဲလျက်ရှိသော စက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၁၂နာရီခွဲခန့်တွင် ရေယာဉ်မောင်း မင်းသက်ဦး မောင်းနှင်သည့် ရွှေစင်ဦးလိုင်း စက်လှေသည် ခရီးသည် ၂၅ ဦးတင်ဆောင်လျက် ဟုမ္မလင်းမြို့မှ ကောယားကျေးရွာသို့ နောင်ပကျစ်ရပ်ကွက် ကမ်းနားလမ်းချင်းတွင်း မြစ်အတွင်းမှ ပြန်လည်ထွက်ခွာစဉ် ရေစီးအရှိန်ကြောင့် မျောပါပြီး အောက်ဘက်ပိုင်း ဆိပ်ကမ်းတွင် ရပ်နားထားသော ဖလက်တွဲများနှင့် ကုန်တင်သင်္ဘောများ အောက်သို့ ရောက်ရှိခဲ့ပြီး နစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ စက်လှေပေါ်ပါရှိသော ခရီးသည် ၂၅ ဦးကို ဆယ်ယူနိုင်ခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဟုမ္မလင်းမြို့ ခုတင် ၁ဝဝဆံ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံအရောက်တွင် အမျိုးသမီးမှာ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါရွှေစင်ဦး စက်လှေနစ်မြုပ်မှု ဖြစ်ပွားရာသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၁ဝဦး၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ နောင်ပကျစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းကူညီဆယ်ယူ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...