Social Icons

Pages

Friday, May 18, 2018

ဆိပ်ဖြူမြို့ ဗိုလ်ချုပ်လမ်းမတွင် မော်တော်ယာဉ် တစ်စီးအရှိန် မထိန်းနိုင်ဘဲ ဆက်သွယ်ရေးတာဝါ တိုင်ကိုဝင်တိုက်ကာ တိမ်းမှောက်မှုဖြစ်ပွား



ဆိပ်ဖြူ ၁၈-၅-၂ဝ၁၈

မကွေးတိုင်း ဒေသကြီး ဆိပ်ဖြူမြို့ အနောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းမတွင် မေ ၁၆ ရက် နံနက်ပိုင်း Hyundai Grand Starex Minibus မီးခိုးရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဆက်သွယ်ရေး တာဝါတိုင်ကို ဝင်တိုက်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် မြို့မရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်ဝင်းမျိုးအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့သည် ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယာဉ်မောင်း မျိုးသန့် (ဘ) ဦးမောင်မောင်ဝင်း၊ မောင်းနှင်လာသည့် Hyundai Grand Starex Minibus မီးခိုးရောင် ယာဉ်အမှတ် 9N/-------- ယာဉ်ပေါ်တွင် သီဟအောင် လိုက်ပါလာပြီး မြို့အနောက်ဘက်မှ ဗိုလ်ချုပ်လမ်း အတိုင်းမောင်းနှင်လာစဉ် မြို့မအခြေခံပညာ မူလတန်းကျောင်းရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးရှိ ဆက်သွယ်ရေး တာဝါတိုင်ကိုတိုက်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မျိုးသန့် (ဘ) ဦးမောင်မောင်ဝင်းကို ဆိပ်ဖြူ မြို့မရဲစခန်းက ယာဉ်(ပ)၁၁/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...