Social Icons

Pages

Friday, May 18, 2018

ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းစေတီပုထိုးများမှ ၃၀၈ဆူ ပြုပြင်ပြီးစီး ကျန်ရှိစေတီများကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးပြုပြင်ဆောင်ရွက်မည်



နေပြည်တော် ၁၈-၅-၂ဝ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းစေတီ ပုထိုးများမှ စေတီဘုရား ၃ဝ၈ဆူ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးသွားခဲ့ ပြီဖြစ်ပြီး ဆောင်ရွက်ဆဲ ၂၆ဆူနှင့် ဆောင်ရွက်ရန် ၅၅ ဆူကျန်ရှိသဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

၂ဝ၁၆ခုနှစ် သြဂုတ် ၂၄ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသရှိ ရှေးဟောင်း အဆောက်အအုံ ၃၈၉ဆူ ထိခိုက်ပျက်စီး သွားခဲ့သည်။ အဆိုပါ ထိခိုက်ပျက်စီးသွားခဲ့သည့် စေတီပုထိုးများကိုရှေးမူမပျက် ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရေး အတွက် ဦးစားပေးအဆင့်များ ခွဲခြားသတ်မှတ်ကာ ပြန်လည်ပြုပြင် ခဲ့သည်။

ထို့သို့ ဦးစားပေး အဆင့်သတ်မှတ် ပြုပြင်ဆောင်ရွက် ရာတွင် ပထမဦးစားပေး ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ၅၃ ဆူနှင့် တတိယဦးစားပေး အဆူ ၃ဝဝ မှ ၇၆ဆူကို ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တတိယဦးစားပေး အဆူ ၃ဝဝမှ၂၂၄ဆူကို တစ်ဦးချင်း အလှူရှင်များ ဖိတ်ခေါ်ပြုပြင် ဆောင်ရွက်ခဲ့သည်။

အဆိုပါငလျင်ဒဏ်သင့် စေတီပုထိုးများကို ဦးစားပေးအဆင့်အလိုက် ပြန်လည်ပြင်ဆင် ဆောင်ရွက်ရာတွင် သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မေ ၁ဝ ရက်ထုတ်ပြန် ချက်များအရ ပထမဦးစားပေး ၃၆ ဆူမှ ၁၆ ဆူ ပြန်လည်ပြုပြင်ပြီး ဆောင်ရွက်ဆဲ ၁၃ ဖြစ်သဖြင့် ဆောင်ရွက်ရန် ခုနစ်ဆူ ကျန်ရှိနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...