Social Icons

Pages

Friday, May 18, 2018

ကျောက်ကြီးမြို့နယ် မွေတွင်းကျေးရွာအုပ်စု ကျွန်းတောကျေးရွာ ဘုန်းကြီးကျောင်း၌ ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွား



ကျောက်ကြီး ၁၈-၅-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မွေတွင်းကျေးရွာအုပ်စု ကျွန်းတောကျေးရွာရှိ ကျွန်းတော ဘုန်းကြီးကျောင်း၌ ယနေ့ နံနက် ၅ နာရီ မိနစ် ၃ဝ ခန့်က ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် မွေတွင်းကျေးရွာအုပ်စု ကျွန်းတောကျေးရွာ၏ အနောက်ဘက် နှစ်ဖာလုံခန့် အကွာရှိ (၉×၆) ပင်အလျား ၇၂ ပေ အနံ ၄၅ပေ၊ အမြင့် ၁၈ ပေရှိအုတ်စီ၊ ပျဉ်ကာ၊ သွပ်မိုးနှစ်ထပ် ကျောင်းဆောင်အပေါ်တွင် အခန်းနေ ဆရာတော် ဘဒ္ဒန္တသောမသည် ကျောင်းဆောင်အပေါ်ထပ်ရှိ ဘုရားကျောင်းဆောင် အပေါ်တွင် ဖယောင်းတိုင် ဆီမီးသုံးတိုင် ပူဇော်ခဲ့သည်။

ထိုသို့ဖယောင်းတိုင် မီးပူဇော်ပြီး ကျောင်းဆောင်နှင့် ကိုက် ၂ဝ ခန့်ဝေးကွာသည့် ဘုရားကြီး ကျောင်းဆောင်ဝင်းအတွင်း တရားသွားထိုင်နေခဲ့ပြီး ပြန်ထွက်လာစဉ် မီးပူဇော်ထားသည့် ကျောင်းဆောင်မှာ မီးလောင်ကျွမ်းနေသည်ကိုတွေ့ရှိရသဖြင့် ဘေးပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီ တောင်းခဲ့ရာ ရွာသူ၊ရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၆ နာရီ ၃၅ မိနစ်တွင် မီးညွန့်ကျိုးခဲ့ပြီး နံနက် ၇ နာရီတွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ကျောင်းဆောင် အပေါ်ထပ်အားလုံး မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မြို့နယ်မီးသတ် ဦးစီးဌာနက စိစစ်တွက်ချက်လျက် ရှိသည်။

အဆိုပါ ကျောင်းဆောင်တွင် မီးပူဇော်သူမှာ အသက်အရွယ်ကြီး ရင့်သည့် ဆရာတော် ဖြစ်နေခြင်းကြောင့် အမှုဖွင့်လှစ်နိုင်ရေး မုန်းနယ်မြေရဲစခန်းက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...