Social Icons

Pages

Tuesday, May 15, 2018

ဒေသခံ လူငယ်များအတွက် စက်မှုနှင့် အသက်မွေးပညာ ရက်တိုသင်တန်းများ ဖွင့်လှစ်


အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်း ခင်းကျင်းပြသထားသည့် သင်တန်း အထောက်အကူပြု ပစ္စည်းများကို လှည့်လည်ကြည့်ရှုစဉ်။

နေပြည်တော် ၁၅-၅-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ ဒေသခံလူငယ်များ အတွက်ဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ နယ်မြေခံတပ်၌ ပြုလုပ်ရာ 
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား ဒေသခံလူငယ်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တက်ရောက်လာကြ သူများနှင့်အတူ သင်တန်း အထောက်အကူပြု ပစ္စည်းများ ခင်းကျင်းပြသထားမှုနှင့် သင်တန်းသားများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ နေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

အလားတူ မကွေးတိုင်း ဒေသကြီးအတွင်း ရှိဒေသခံလူငယ်များအတွက် ဖွင့်လှစ်သည့် စက်မှုနှင့် အသက်မွေးပညာ ရက်တိုသင်တန်းကို နတ်မောက်မြို့နယ်ရှိ နယ်ခြေခံတပ်၌ ဖွင့်လှစ်ပေးသည်။ အဆိုပါ သင်တန်းများတွင်မော်တော်ဆိုင်ကယ် ပြုပြင်ခြင်း၊ လျှပ်စစ် သံဂဟေဆက်ပြုလုပ်ခြင်း၊ စိုက်ပျိုးရေးသုံး အင်ဂျင်ငယ်ပြုပြင်ခြင်း စသည့်ပညာရပ်များ ကိုသင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်၊သာစည်မြို့နယ်၊ နွားထိုးကြီးမြို့နယ်တို့မှ သင်တန်းသားဦးရေ ၅ဝ နှင့်မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်တို့မှ သင်တန်းသားဦးရေ ၅ဝ တို့ဖြင့် မေ ၂၅ရက်ထိ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...