Social Icons

Pages

Tuesday, May 15, 2018

လေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများ မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်နှင့် လေကြောင်းပညာသိပ္ပံကျောင်းသို့ သွားရောက်လေ့လာ


နေပြည်တော် ၁၅-၅-၂ဝ၁၈

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ လေတပ်စခန်းဌာန ချုပ်များ၌ ဖွင့်လှစ်သင်ကြား လျက်ရှိသည့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူဦးရေ ၅၆ဝ၊ အုပ်ချုပ်သူအရာရှိနှင့် ဆရာ၊ ဆရာမ ၇၃ ဦးတို့ပါဝင်သော လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်ရှိ လေယာဉ်များကို သွားရောက် လေ့လာကြသည်။

အဆိုပါလေ့လာရေး အဖွဲ့သည် မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ် လေကြောင်း ပညာသိပ္ပံရှိ သင်ကြားရေးခန်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများ၊ မင်္ဂလာဒုံလေကြောင်း ထိန်းတာဝါရှိ ပြည်တွင်း၊ ပြည်ပ အသီးသီးမှ ဝင်ရောက် လျက်ရှိသော လေယာဉ်အတက်အဆင်း ထိန်းချုပ်မှုများ၊ အချက်ပြစနစ်များနှင့် လေကြောင်းထိန်းတာဝါမှ လေဆိပ်သို့အတက်အဆင်း ပြုလုပ်မည့် လေယာဉ်များ၏ သတင်းအချက်အလက် ပေးပို့မှုစနစ်များကို လှည့်လည် လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...