Social Icons

Pages

Friday, May 25, 2018

၁၂ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးသေဆုံး



သိန်းနီ ၂၅-၅-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီ-ကွမ်းလုံသွား ကားလမ်းတွင် သဲများတင်ဆောင် လာသည့် ၁၂ ဘီးယာဉ်တစ်စီး အရှိန်လွန်ကာ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင် လာသူနှင့် ဆိုင်ကယ်နောက်တွင် လိုက်ပါ စီးနင်းလာသူနှစ်ဦးမှာ အချင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

နမ့်စလပ်နယ် မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မေ ၂၃ရက်နံနက် ၉ နာရီ မိနစ်၃ဝက ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အချင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ကွမ်းလုံဘက်မှ သိန်းနီဘက်သို့ ယာဉ်မောင်း ရဲမြင့်အောင် (ခ)ဖိုးတော (ဘ)ဦးကျော်မြင့် ကံသာကျေးရွာ ဘုတလင်မြို့နယ် စစ်ကိုင်းတိုင်း ဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဝင်းခိုင် (ဘ)ဦးဝင်းညွန့် တစ်ရွာတည်းနေသူ လိုက်ပါလာသော သဲများ တင်ဆောင် လာသည့် ယာဉ်အမှတ် 9E/----- FUSO အမျိုးအစား ၁၂ ဘီးယာဉ်မှာ မောင်းနှင်လာစဉ် သိန်းနီမြို့ဘက်မှ ကွမ်းလုံမြို့ဘက်သို့ လောက်စန်း မောင်းနှင်ပြီး နောက်တွင် လောက်အောင် လိုက်ပါ စီးနင်းလာသော နံပါတ်မပါ KENBO-125 အစိမ်းရောင် ဆိုင်ကယ်ကို အရှိန်ဖြင့် ဝင်ရောက် တိုက်မိခဲ့သည်။

ယာဉ်တိုက်မိမှုကြောင့် ဆိုင်ကယ်စီးနင်း လာသူနှစ်ဦးမှာ ဒဏ်ရာများ ရရှိကာ အချင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်း ၁၂ဘီးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ရှိနေအိမ်ခြံဝင်းအတွင်း ဝင်ရောက် သွားခဲ့သည်။

ထိုသို့ နေအိမ်ခြံဝင်းအတွင်း အရှိန်လွန်ပြီး ဝင်ရောက်သွားစဉ် ခြံဝင်းအတွင်း ကစားနေသည့် မရှန်ရှန်ကို ထပ်မံဝင်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ရဲမြင့်အောင်(ခ)ဖိုးတောကို နမ့်စလပ် နယ်မြေရဲစခန်းက ယာဉ်(ပ) ၃/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၇၉/၃၃၇/၃၃၈/ ၃ဝ၄(က)ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...