Social Icons

Pages

Friday, May 25, 2018

အောင်မြေသာစံမြို့နယ်၌ နေအိမ်မီးပလတ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



မန္တလေး ၂၅-၅-၂ဝ၁၈

မန္တလေး အောင်မြေသာစံမြို့နယ် အမရဌာနီ အရှေ့ရပ်ကွက် အကွက်အမှတ် ၃၃၊ ၉လမ်း ၇၆ လမ်း× ၇၇လမ်းကြား ပိုင်ရှင် ဦးအောင်စိုးမင်း၏ ပေ (၂ဝ×၄ဝ) သွပ်မိုး၊ အုတ်ညှပ်နံကပ် နှစ်ထပ်အပေါ်ထပ် ၁ဝပေပတ်လည် အခန်းအတွင်း ယနေ့ နံနက် ၁၁နာရီ၂၇ မိနစ်က မီးပလတ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊သန္ဓေမီးသတ် ၂၅ဦး၊ အရန်မီးသတ်ဦးရေ ၅ဝ သွားရောက်ငြှိမ်း သတ်ခဲ့ရာ မီးသတ်ရေဂါလန် ၃၂ဝဝဂါလန်၊ မီးကြွင်းမီးကျန် ရေဂါလန် ၈ဝဝ အသုံးပြုငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၅ မိနစ်က မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁နာရီ မိနစ်၎ဝက မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အခန်းကာရံထားသော သုံးထပ်သားများသို့ ကူးစက်လောင်ကျွမ်းပြီး ၁ဝပေ ပတ်လည်အခန်း၊ အခန်းအတွင်းရှိ မုန့်အနည်းငယ်နှင့် ဝိုင်ယာကြိုးများ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၂ဝဝဝဝ ခန့်မီးလောင် ဆုံးရှုံးခဲ့ကာ မီးလောင်မှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပိုင်ရှင်အောင်စိုးမင်း (ဘ) ဦးကြည်စိုးကို အောင်မြေသာစံမြို့နယ် အမှတ်(၄) ရဲစခန်းက အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...