Social Icons

Pages

Friday, May 25, 2018

ပြည်မြို့နယ်တုံရည် သစ်တောကြိုးဝိုင်းအနီး တရားမဝင် ပိတောက်သစ်ခွဲသား တန် ၂ဝ ကျော် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ



ပြည် ၂၅-၅-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ် တုံရည်သစ်တော ကြိုးဝိုင်းအနီးတွင် တရားမဝင် ပိတောက်သစ်ခွဲသား တန် ၂ဝ ကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ် တုံရည်သစ်တော ကြိုးဝိုင်းအနီးတွင် မေ ၂၃ ရက်ညနေပိုင်း ကပိတောက် သစ်ခွဲသားအရွယ်စုံ ၁၃၃ချောင်း၊ အလေးချိန် ၂ဝ ဒသမ ၆၂တန် ဖမ်းဆီးရမိခဲ့ပြီး ယနေ့တွင် အဆိုပါသစ်များကို တိုင်းထွာသယ်ယူ ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ပိတောက်သစ်များမှာ ဒေသထွက် သစ်များမဟုတ်ဘဲ အထက်ပိုင်း ဒေသထွက်များဟု ယူဆရပြီး တရားမဝင် သစ်အရောင်းအဝယ် ပြုလုပ်သူများ သယ်ယူရာမှ ခရီးတစ်ထောက်အဖြစ် နားသောနေရာတွင် ချန်လှပ်ထားခဲ့သည်ဟု ယူဆရကြောင်း သိရသည်။

ပြည်ခရိုင်တွင် ၂ဝ၁၇ခုနှစ် တစ်နှစ်လုံးတရားမဝင် သစ်ဖမ်းဆီးရမိမှု ၅၃၂မှု၊ သစ်အရေအတွက် ၈၇၅ ဒသမ ၃၈၁ဝတန်ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ခရိုင်သစ်တော ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ခရိုင်သစ်တော ဦးစီးဌာနက သိမ်းဆည်းရမိသော သစ်များထိန်းသိမ်းထားပြီး ဆက်စပ်ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရ မိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...