Social Icons

Pages

Thursday, May 24, 2018

တကောင်းမြို့တွင် စိတ်ကြွဆေးပြား ၄၄၁၂ ပြားနှင့် ဆက်စပ်ပစ္စစည်းများ ဖမ်းဆီးရမိ



သပိတ်ကျင်း ၂၄-၅-၂ဝ၁၈

ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် အင်းနက်ကျေးရွာအုပ်စု မြိုင်သာယာ ကျေးရွာအပိုင် နီကယ်တောင် ကွက်သစ်တွင် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၄၄၁၂ပြားနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တကောင်း နယ်မြေရဲစခန်းမှ သိရသည်။

တကောင်းနယ်မြေ ရဲစခန်းမှ ဒုတိယရဲအုပ် ကျော်စွာလင်း ဦးဆောင်သော အဖွဲ့သည် မေ ၂၂ ရက် မွန်းလွဲ ၂နာရီ မိနစ် ၃ဝက မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သပိတ်ကျင်းမြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ် (၉/၂ဝ၁၈) ဖြင့် အင်းနက်ကျေးရွာအုပ်စု မြိုင်သာယာကျေးရွာအပိုင် နီကယ်တောင်ကွက်သစ်ရှိ ဦးမောင်ရွှေဒေါ်ရီတို့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ဒေါ်ရီကိုအသင့်တွေ့ရပြီး ဦးမောင်ရွှေကို နေအိမ်၏မြောက်ဘက် ပေ၃ဝခန့် အကွာတွင် သံတူးရွင်းဖြင့် မြေကြီးများတူးနေသည်ကို တွေ့ရှိရ၍ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့ စစ်ဆေးရာ ၎င်းတူးနေသော ကျင်းထဲမှ အပြာရောင်ကပ်ခွာအိတ် ၂ဝဖြင့် ထည့်ထားသည့် မူးယစ်ဆေးဝါးဟု ယူဆရသော WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၄ဝဝဝ၊ အနက်ရောင်တိတ်ပတ်ထားသော ပလတ်စတစ်ဘူးအတွင်းမှ ဆေးပြား ၂၁၂ပြား၊ အဖြူရောင်သံဘူးအတွင်းမှ ဆေးပြား၂ဝဝ၊ မူးယစ်ဆေးဝါး ရောင်းချရာတွင် အသုံးပြုသည်ဟု ယူဆရသော ခဲပြားလိပ် ၁၆ပြားထည့်ထားသော အနီရောင်ဘူး ရှည်တစ်ဘူး၊ M65 တံဆိပ်ပါ သတ္တုဘူးတစ်ဘူးနှင့် မူးယစ်ဆေးဝါး ရောင်းချငွေကျပ် ၁၂၂၈၇ဝဝတို့ကို တွေ့ရှိရ၍ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်း ခဲ့သည်။

ဆက်လက်၍ စစ်ဆေးမေးမြန်းရာ လွန်ခဲ့သော နှစ်လခန့်မှ စတင်၍ နီကယ်တောင်သို့ အမည်မသိ လူမြင်လျှင်မှတ်မိသူ အသက် ၄ဝ နှစ် ခန့် အရပ်ပုပုတုတ်တုတ် အသား ဖြူဖြူ လူတစ်ဦးထံမှ တစ်ပြားလျှင် ငွေကျပ်၅ဝဝနှုန်းဖြင့်ဝယ်ယူခဲ့ပြီး တစ်ပြားလျှင် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် ပြန်လည်ရောင်းချ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်ရွှေ (ဘ) ဦးချစ်ရေး၊ ဒေါ်ရီ (ဘ) ဦးကျားတို့ကို တကောင်း နယ်မြေရဲစခန်းက မယ (ပ) ၂/၂ဝ၁၈၊မူး / စိတ်ပုဒ်မ-၁၅/၁၉(က)/၂ဝ(က)/၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...