Social Icons

Pages

Thursday, May 24, 2018

အိုးဘိုရွှေကျင် ဓာတ်အားခွဲရုံအတွင်း 20000 KVA Transformer Inter Force ဖြစ်ပြီး Boshion ပွင့်၍ မီးပွားထွက်ရာမှ မီးလောင်မှုဖြစ်ပွား



မန္တလေး ၂၄-၅-၂ဝ၁၈

မန္တလေး အောင်မြေသာစံမြို့နယ် ၇၃×၇၄ လမ်းထောင့် အိုးဘိုရွှေကျင်ရပ်ကွက် အကွက်အမှတ် (၄ဝ) အိုးဘိုရွှေကျင် ဓာတ်အားခွဲ ရုံအတွင်း ယနေ့ နံနက် ၃ နာရီ ၈ မိနစ်က 20000 KVA Transformer Inter Forceဖြစ်ပြီး Boshion ပွင့်၍ မီးပွားထွက်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို နံနက် ၃ နာရီ ၁ဝ မိနစ်တွင် သတင်းရရှိသဖြင့် မီးလောင်မှု ဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ မီးသတ်ရေ သယ်ယာဉ်နှစ်စီး၊ အုပ်ချုပ်မှု ယာဉ်သုံးစီး၊ သန္ဓေ ၂၅ ဦး၊ အရန် ဦးရေ၄ဝ ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ် ရေဂါလန် ၃၂ဝဝ ၊ မီးကြွင်းမီးကျန် ဂါလန်၈ဝဝ ၊ အသုံးပြုငြိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီ ၁၅မိနစ်တွင် မီးထိန်းနိုင်ကာ ၃နာရီမိနစ်၂ဝတွင် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် 20000 KVA Transformer  တစ်လုံးတန်ဖိုး ငွေကျပ် ၅ဝဝဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုနှင့် ပတ်သက်၍ အမှုဖွင့် အရေးယူဆောင်ရွက် ထားခြင်းမရှိသေးဘဲ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းမှ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...