လွိုင်ကော် ၁၁-၅-၂ဝ၁၈
လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆို မြို့နယ်အတွင်း ဘီလူးချောင်းတစ်လျှောက် သဘာဝရှုခင်း အလှအပများ ကြည့်ရှု အပန်းဖြေနိုင်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (လွိုင်ကော် ရုံးခွဲ)၏ အစီအစဉ်ဖြင့် ခရီးသွား ကုမ္ပဏီများ ပူးပေါင်း၍ ဘီလူးချောင်း အတွင်း အပျော်စီးရေယာဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း နိုင်းဂျင်နရေးရှင်းဖို့စ် ခရီးသွားကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးစီုးမောင်မောင်ထံမှ သိရသည်။
ထိုသို့ ဘီလူးချောင်းအတွင်း အပျော်စီးရေယာဉ် ပြေးဆွဲခြင်း လုပ်ငန်းကို လွိုင်ကော်မြို့ ဥတ္တရာ ရုံတံတားအနီးတွင် အခြေစိုက်ကာ လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာတို့ထိ ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။
အမြန်ရေယာဉ်တစ်စီးလျှင် လူ ၁ဝ ဦးခန့် လိုက်ပါစီးနင်းနိုင်ပြီး မှုံပြာကျေးရွာထိ အသွားအပြန် စင်းလုံးငှား ငွေကျပ် ၃ဝဝဝဝ၊ ဘုရားဖြူကျေးရွာထိ အသွားအပြန်စင်လုံးငှား ငွေကျပ် ၅ဝဝဝဝ သတ်မှတ်ထားရှိပြီး အသွားအပြန်မောင်းနှင်မှုကြာမြင့်ချိန်မှာ မှုံပြာကျေးရွာထိ တစ်နာရီခန့်၊ ဘုရားဖြူကျေးရွာထိ သုံးနာရီခန့်ကြာမြင့်မည် ဖြစ်ကြောင်း၊ အပျော်စီးဖြစ်၍ နှေးနှေးသာ မောင်းနှင်ကြောင်း၊ အပျော်စီး ရေယာဉ်ပေါ်တွင် လိုက်ပါစီးနင်း သူများအနေဖြင့် ကြိုတင်မှာကြားထားပါက စားသောက်ဖွယ်ရာ များကိုလည်း စီစဉ်ဆောင်ရွက် ပေးကြောင်း ၎င်းကပြောပြသည်။
အပျော်စီးရေယာဉ် စီးနင်းသူ များအနေဖြင့် ဘီလူးချောင်း တစ်လျှောက် သဘာဝအလှကြည့်ရှုခြင်း၊ နေဝင်ဆည်းဆာ အလှကြည့်ရှုခြင်း၊ ငါးမျှားခြင်း၊ ဘီလူးချောင်းကမ်းလေး တစ်လျှောက်ရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် ဟင်းသီးဟင်းရွက် ဝယ်ယူခြင်းတို့ ပြုလုပ်ကြကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။
#Themyawadydaily
No comments:
Post a Comment