Social Icons

Pages

Friday, May 25, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာ ၁၄ ရွာ သောက်သုံးရေရရှိရေး ငွေကျပ် သန်း ၁ဝဝ ခန့် အကုန်အကျခံ ဆောင်ရွက်ပေး



မန္တလေး ၂၅-၅-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာ ၁၄ရွာ သောက်သုံးရေ ရရှိရေးအတွက် ငွေကျပ် သန်း ၁ဝဝ ခန့် အကုန်အကျခံ၍ အကောင်အထည် ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ယခုနှစ်နွေကာလတွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဝမ်းတွင်း၊ မတ္တရာ၊ စဥ့်ကိုင်၊ သာစည်၊ မြစ်သား၊ ကျောက်ဆည်မြို့နယ်တို့ရှိ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေ သောကျေးရွာပေါင်း ၁၄ရွာကို သောက်သုံးရေ ရရှိရေးအတွက် စုစုပေါင်းကုန်ကျငွေကျပ် သန်း ၉၉ ဒသမ ၇၁ဝ အကုန်အကျခံပြီး အဝီစိရေတွင်းများ တူးဖော်ပေးမည့် လုပ်ငန်းများကို မေလတတိယပတ် ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ
စက်တင်ဘာလတွင် အပြီးဆောင်ရွက်နိုင်ရန် ခန့်မှန်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဟန်က ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ကျေးရွာပေါင်း ၄၇ဝဝ ကျော်ရှိသည့် အနက် အချို့ကျေးရွာများမှာ နွေကာလ၌ နှစ်စဉ်သောက်သုံးရေ ရှားပါးမှု အခက်အခဲ ဖြစ်ပေါ်လေ့ ရှိကြောင်း၊ ထိုသို့သောက်သုံးရေ ရှားပါးမှုအခက်အခဲများ ကြုံတွေ့နေရသော ကျေးရွာများကို မြေသားရေကန် တူးဖော်ပေးခြင်း၊ အဝီစိတွင်းတူးဖော် ပေးခြင်းများ နှစ်စဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...