Social Icons

Pages

Friday, May 25, 2018

ရန်ကုန်မြို့တွင် မိုးပျံလေးလမ်းသွား စီမံကိန်း အကောင်အထည် ဖော်နိုင်ရေး ရင်းနှီးမြှုပ်နှံ လိုသူများ၏ စိတ်ဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူနေ



ရန်ကုန် ၂၅-၅-၂ဝ၁၈

၄၇ ဒသမ ၅ ရှည်လျားမည့် မိုးပျံလေးလမ်းသွား အမြန်လမ်းမကြီး စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် စီမံကိန်းကို ရင်းနှီးမြှုပ်နှံ လိုသူများ၏ စိတ်ဝင်စားမှု အဆိုပြုလွှာများ ခေါ်ယူနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ယနေ့သတင်းများအရ သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ရန်ကုန်မြို့၌ ကီလိုမီတာပေါင်း ၄၇ ဒသမ ၅ ရှည်လျားမည့် မိုးပျံလေးလမ်းသွား အမြန်လမ်းမကြီးကို Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ မိုးပျံလေးလမ်းသွား အမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှု ဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့ကို ဆက်သွယ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် မိုးပျံလေးလမ်းသွား အမြန်လမ်းမကြီး အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးအတွက် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ Engineering ပိုင်းဆိုင်ရာ ကဏ္ဍ၊ ငွေကြေးဆိုင်ရာဘဏ္ဍာရေး ကဏ္ဍ၊စီမံကိန်း တည်ဆောက်ခြင်း၊ စီမံကိန်း လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာ ကဏ္ဍများအတွက် စီမံကိန်းကို PPP Concession Agreement အရ စိတ်ဝင်စားသော ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများကို ရှာဖွေလျက်ရှိသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် မိုးပျံလေးလမ်းသွား အမြန်လမ်းမကြီး စီမံကိန်းကို အပိုင်းလိုက်ခွဲပြီး PPP တင်ဒါများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ မိုးပျံလေးလမ်းသွား အမြန်လမ်းမ ကြီးစီမံကိန်းကို စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာကို ဇွန် ၂၉ ရက်ညနေ ၅ နာရီမတိုင်မီ အဆိုပြုလွှာများ တင်သွင်းနိုင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်များအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...