Social Icons

Pages

Wednesday, May 9, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မော်လမြိုင်တပ်နယ်နှင့် ဖာပွန်တပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မော်လမြိုင်တပ်နယ်ရှိ အရာရှိ၊စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြားစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များ တွေ့ဆုံပွဲတက်ရောက်လာသည့် မော်လမြိုင်တပ်နယ်ရှိ အရာရှိ၊စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖာပွန်တပ်နယ်အတွင်းရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ ကလေးငယ်တစ်ဦးအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားစဉ်။

ဖာပွန်မြို့ရှိ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တစဒြိယအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များ ဖူးမြော်ကြည်ညိုစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များတွေ့ဆုံပွဲတက်ရောက်လာသည့် ဖာပွန်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်စဉ်။

နေပြည်တော် ၉-၅-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့တွင်အရှေ့တောင် တိုင်းစစ်ဌာနချုပ် မော်လမြိုင်တပ်နယ်နှင့် ဖာပွန်တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ အားတွေ့ဆုံအမှာစကား ပြောကြားသည်။

ဦးစွာဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် နံနက်ပိုင်းတွင် မော်လမြိုင်တပ်နယ်ရှိ အရာရှိစစ်သည် မိသားစုများအားတွေ့ဆုံ အမှာစကားပြောကြားသည်။ ယင်းနောက်မွန်းလွဲပိုင်းတွင် ဖာပွန်တပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာ စကားပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲများသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်၊ တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ် တွင်မဆို တိုင်းရင်းသားလူမျိုးစု တစ်စုတည်းသီးသန့် နေထိုင်မှုမရှိကြောင်း၊ တိုင်းရင်းသား အားလုံး ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရှေးယခင်ဘိုး၊ ဘေး၊ ဘီ၊ ဘင် လက်ထက်ကတည်းကပင် စုပေါင်းနေထိုင်ခဲ့ကြကြောင်း၊ ထို့ကြောင့်ပြည်ထောင်စု တိုင်းရင်းသား အားလုံးသည် မြန်မာစိတ်မွေးပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရေးစုပေါင်း ကာကွယ်ထိမ်းသိမ်းရန် လိုကြောင်း၊ မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး ဘူးသီးတောင်၊ မောင်တောဒေသ၌ ကြုံတွေ့ နေရ သောကိစ္စနှင့် ပတ်သက်၍ လည်းအစိုးရ၊ တပ်မတော်နှင့်တိုင်းရင်းသား အားလုံးစုစည်း ညီညွတ်စွာဆောင်ရွက် နေရမှုအခြေအနေများ အားဦးစွာ ပြောကြားသည်။

ထို့နောက် စစ်ဆင်ရေး၊ လုံခြုံရေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေနှင့်ဖာပွန် ဒေသတို့သည် ယခင်ပစ်ခတ်တိုက် ခိုက်မှုများမရပ်စဲမီက ဒေသဖွံ့ဖြိုးတိုးတက်မှု အလွန် နောက်ကျခဲ့ရကြောင်း၊ ယခုအခြေ အနေ၌မှုယခင်ကနှင့် တစ်ခြားစီဖြစ်ပြီး ငြိမ်းချမ်းရေးအသီးအပွင့် ဖြစ်သောဒေသဖွံ့ဖြိုး တိုးတက်မှုကို လက်တွေ့ခံစား နေရပြီဖြစ်ကြောင်း၊ ရရှိထားသောတည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုတို့ကို ရေရှည်တည်တံ့ခိုင်မြဲပြီး ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ဆက်လက်ဆောင် ရွက်သွားရန်လိုကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပြည်သူလူထု ယခုထက်ပိုမို ပူးပေါင်းပါဝင်လာရေး အတွက်တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒ (၆) ရပ်နှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအချက်များအား မိမိတို့ သက်ဆိုင်ရာ စည်းရုံးရေးနယ်မြေအလိုက်၊ စိုးမိုးရေးနယ်မြေအလိုက် ပြည်သူလူထု တစ်ရပ်လုံးသိရှိအောင် ဆွေးနွေးစည်းရုံး ဆောင်ရွက်သွားရန် လိုအပ်မှု အခြေအနေများအားမှာ ကြားသည်။

ယင်းနောက်ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀ (င) အရတပ်မတော်သည် တို့တာဝန်အရေးသုံးပါးကို ကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအဓိက ကျသည့်အဖွဲ့အစည်းမှာ တပ်မတော်သည်အဓိက အကျဆုံးအဖွဲ့အစည်းဖြစ်ကြောင်း၊ ၎င်းကဲ့သို့ အဖွဲ့အစည်း သည်စည်းလုံးမှုကျစ်လစ်ခိုင်မာနေရန် လိုကြောင်း၊ ထိုသို့ကျစ်လစ်ခိုင်မာသော စည်းလုံးမှုရရှိအောင် တပ်ဖွဲ့စိတ် (Esprit De Corps) ကိုတည်ဆောက်သွားရန်လို ကြောင်း၊ ထိုသို့တည်ဆောက်ရာ၌ အခြေခံရမည့်အချက်မှာ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄) ရပ်နှင့် တပ်နေပျော်ရေးအတွက်လိုက် နာဆောင်ရွက်ရမည့် အချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေး ခြင်းပင်ဖြစ်ကြောင်း၊ ရဲဘော်စိတ် (Comarade Spirit)မှသည်တပ်ဖွဲ့စိတ် (Esprit De Corps) ကိုတည်ဆောက်ပြီး တပ်မတော်တစ်ရပ်လုံး ခေတ်မီတပ်မတော် (Standard ARMY) ဖြစ်စေရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ ၎င်းရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေး တာဝန်ရှိသူအားလုံးက တိုက်တွန်းရမည့် သူကတိုက်တွန်း၊ ကြပ်မတ်ရမည့်သူက ကြပ်မတ်၊ လိုက်နာရမည့် သူကလိုက်နာ၍ ကိုယ်စီ တာဝန်ကို သိရှိပြီးပေးအပ်သော တာဝန်ဝတ္တရားများကို အောင်မြင်ကျေပွန်စွာ ဆောင်ရွက်ရန်နိုင်ကြောင်း အသေးစိတ်မှာ ကြားသည်။

၎င်းနောက် စစ်ရေးသတိ၊ လုံခြုံရေးသတိအမြဲ ရှိနေစေရေး၊ လူမှုကွန်ရက် အင်တာနက်ဝက်ဆိုဒ်များမှတစ်ဆင့် သတင်းလုံခြုံမှုမပေါက်ကြားရေး လိုက်နာဆောင်ရွက် ရန်လိုအပ်သည့်ကိစ္စရပ်များ၊ တပ်တည်မြဲမိန့်ပါ တာဝန် ၀တ္တရားများ၊စည်းမျဉ်းစည်းကမ်း များလိုက်နာရေး၊ မူးယစ်ဆေးဝါးကိစ္စရပ်များ၌ ပါဝင်ပတ်သက်မှုမရှိရေးနှင့် တရားမ၀င်ဆောင်ရွက်သည့် ကိစ္စရပ်များတွင် တပ်မတော်သား မိသားစုဝင်များ ပါဝင်ပတ်သက်မှု မရှိစေရေးတို့အား အသေးစိတ်မှာကြားသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ရွှေဖီဦးအသင့်ဖျော်လက်ဘက် ရည်ထုတ်များကို လည်းကောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးဒေါ်သန်းသန်းနွယ်က မော်လမြိုင်တပ်နယ်ရှိ မူကြိုကျောင်းနေအရွယ် ကလေးများဖြည့်စွက်အာဟာရ ကျွေးမွေးရန်အတွက် ထောက်ပံ့ငွေများကို လည်းကောင်းပေးအပ်ကြရာ တိုင်းမှူးနှင့်ဇနီးတို့က လက်ခံရယူကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က တပ်မတော် အရာရှိကြီးများက တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသစာအုပ်စာစောင်များ၊ အားကစားပစ္စည်းများအားလည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီးက ဖာပွန်တပ်နယ် မူကြိုကျောင်းနေအရွယ်ကလေးများ ဖြည့်စွက်အာဟာရ ကျွေးမွေးရန်အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲများအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်နှုတ်ဆက် သည်။ ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့ဝင်များသည် ဖာပွန်မြို့ရှိ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒန္တ စဒြိယအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက်ဖာပွန်တပ်နယ် အစည်းအဝေးခန်းမတွင် တပ်နယ်မှူးက နယ်မြေ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် စည်းရုံးရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) က စစ်ဆင်ရေး၊ လုံခြုံရေးကိစ္စရပ်များအား စနစ်တကျ မှတ်တမ်းထားရှိ ဆောင်ရွက်ရေးနှင့် အရိပ်ရလေကာပင်နှင့် နှစ်ရှည်သီးနှံ ပင်များအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရေးတို့အားမှာကြားသည်။ ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့ဝင်များသည် ဖာပွန်တပ်နယ်အတွင်းရှိ နယ်မြေခံတပ်ရင်း လူနေရိပ်သာများနှင့် စားရိပ်သာတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်၎င်းနောက် နယ်မြေခံတပ်မတော် ဆေးရုံသို့ရောက်ရှိကြပြီး ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား တစ်ဦးချင်းရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားပြီးစားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်တပ်မတော်အရာရှိကြီးများသည် ဘားအံတပ်နယ်သို့ရောက်ရှိကြပြီး နယ်မြေ ခံတပ်ရင်းများအား အသီးသီးဖြန့်ခွဲ၍လိုက်လံ ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...