Social Icons

Pages

Thursday, May 10, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဘားအံတပ်နယ်နှင့် ကြာအင်းဆိပ်ကြီး တပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ အမှာစကား ပြောကြား



ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဘားအံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တွေ့ဆုံပွဲတက်ရောက် လာကြသည့် ကြာအင်းဆိပ်ကြီး တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ကာအင်းဆိပ်ကြီး တပ်နယ်အတွင်းရှိ နယ်မြေခံတပ်ရင်း၌ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု
အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ထီးဟူသံကျေးရွာ နယ်မြေခံနယ်ခြားစောင့်တပ်ရှိ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စဉ်။

နေပြည်တော် ၁၀-၅-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့တွင်အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ဘားအံတပ်နယ်နှင့် ကြာအင်းဆိပ်ကြီး တပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

ဦးစွာဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် နံနက်ပိုင်းတွင် ဘားအံတပ်နယ်ရှိ အရာရှိစစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။ ယင်းနောက် နေ့လယ်ပိုင်းတွင် ကြာအင်းဆိပ်ကြီး တပ်နယ်ရှိ အရာရှိ၊စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော် အရာရှိကြီးများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်၊ တပ်နယ်များမှအရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲများတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကား ပြောကြားရာတွင် တပ်မတော်သည် အဖွဲ့စနစ်မှ စတင်၍ အဆင့်ဆင့်သော ခေါင်းဆောင်မှုများ အလိုက်ကွပ်ကဲမှု၊ ကြီးကြပ်မှုဖြင့် စနစ်တကျ ဆောင်ရွက်ရသော အဖွဲ့အစည်း ဖြစ်ကြောင်း၊ ထို့ကြောင့်အစု အဖွဲ့အလိုက် စုစည်းညီညွတ် ပြောဆိုဆောင်ရွက်မှု ရှိရန်လိုကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များ အနေဖြင့် အဆိုပါစုစည်း ညီညွတ်သောအားဖြင့် ပင် သတ်မှတ်ထားသော အမိန့်နှင့် ညွှန်ကြားချက်များ၊ စံပြုပုံစံများအတိုင်း တစ်ပြေးညီ လိုက်နာလုပ်ဆောင် ကြရန်လိုအပ်ကြောင်း၊ တပ်များအား လိုက်လံစစ်ဆေး ကြည့်ရှုရာ၌ သတ်မှတ်ထားသော စံချိန်၊စံညွှန်း အရည်အချင်း၊ အရွယ်အစားများ ပြည့်မီစေရေး တာဝန်ရှိသူများက တိုက်တွန်းခြင်း၊ သင်ပြခြင်း၊ ဖြည့်ဆည်းပေးခြင်းနှင့် စစ်ဆေးကြပ်မတ် ခြင်းများဆောင်ရွက်ရန် လိုကြောင်းဦးစွာ မှာကြားသည်။

ယင်းနောက် နိုင်ငံ့အရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သော ကိစ္စရပ်များ၊ တပ်တွင်း၊ တပ်ပြင်စည်းလုံး ညီညွတ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အချက်များ၊ စစ်ဆင်ရေး၊ လုံခြုံရေးနှင့်ပတ်သက်၍ အမြဲစစ်ရေးသတိ၊လုံခြုံရေး သတိရှိစေရေးဆောင် ရွက်ရမည့်ကိစ္စရပ်များ၊ လိုက်နာရမည့် စစ်မြေပြင် စည်းမျဉ်းများ၊ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (ROE) ဆိုင်ရာကိစ္စရပ်များ၊ ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် အခြေခံကျသော တပ်အင်အား တောင့်တင်း ခိုင်မာစေရေး လိုက်နာဆောင်ရွက်ရမည့် အသေးစိတ် ကိစ္စရပ်များ၊တပ်ပိုင် စိုက်ပျိုးမွေးမြူရေး အားအောင်မြင်အောင် ပြုလုပ်ပြီး တပ်၏သက်သာ ချောင်ချိရေး ဆောင်ရွက်ပေးရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူ ရေးမှ မိသားစု အပိုဝင်ငွေရရှိအောင် လုပ်ဆောင်နိုင်ရေး ကိစ္စရပ်များ၊ အရာရှိ၊ စစ်သည်များ အပါအ၀င် မိသားစုဝင်များ အနေဖြင့် တပ်တည်မြဲ အမိန့်ပါအတိုင်း စနစ်တကျလိုက်နာ နေထိုင်ရန်လိုအပ်သည့် ကိစ္စရပ်များအား အသေးစိတ်ရှင်းလင်း မှာကြားသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က စစ်သည်၊မိသားစု များအား တစ်ဦးချင်းသိရှိ လိုသည်များ မေးမြန်းပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ရွှေဖီဦးအသင့်ဖျော် လက်ဘက်ရည်ထုတ်များကို လည်းကောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ၏ ဇနီး ဒေါ်သန်းသန်းနွယ်က မူကြိုကျောင်းနေအရွယ်ကလေးများ ဖြည့်စွက်အာဟာရကျွေးမွေးရန်အတွက် ထောက်ပံ့ ငွေများကိုလည်းကောင်းပေးအပ်ကြရာ တပ်နယ်မှူးများနှင့်တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက်ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော် အရာရှိကြီးများက တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများအားအသီးသီးပေးအပ်ကြရာ တာဝန်ရှိသူ များ ကလက်ခံရယူကြသည်။

တွေ့ဆုံပွဲများအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ ၀င်များသည် အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လိုက်နှုတ်ဆက်သည်။ ယင်းနောက် ဘားအံ တပ်နယ်နှင့် ကြာအင်းဆိပ်ကြီးတပ်နယ် အစည်းအဝေး ခန်းမများတွင် တပ်နယ်မှူးများက နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် စည်းရုံးရေးဆိုင်ရာ များဆောင်ရွက် ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တာဝန်ရှိသူများအနေဖြင့် ကွပ်ကဲမှုအောက်တပ်များ၏ စစ်ဆင်ရေး၊ လုံခြုံရေးနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ် အကောင် အထည်ဖေါ်ဆောင်ရွက်နေမှုတို့အား စဉ်ဆက်မပြတ်ကြပ်မတ်ကွပ်ကဲရေး၊ တပ်နယ်များအတွင်း တပ်တစ်တပ်နှင့်တစ်တပ် အပြန်အလှန်လုံခြုံရေးအထောက်အကူပြုနိုင်ရေး စီမံ ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် စည်းရုံးဆောင်ရွက်ရန် ကိစ္စရပ်များအား အသေးစိတ်မှာကြားသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် ကြာအင်းဆိပ်ကြီး တပ်နယ်အတွင်းရှိ နယ်မြေခံတပ်ရင်း လူနေရိပ်သာ၊ စားရိပ်သာနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု တို့အားလှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် ထီးဟူသံကျေးရွာရှိ နယ်မြေခံနယ်ခြား စောင့်တပ်သို့ ရောက်ရှိကြရာ ခေတ္တတပ်မှူး ဗိုလ်မှူး မန်းဝင်းမောင်နှင့် တာဝန်ရှိသူများ အားတွေ့ဆုံ၍ နယ်မြေ အခြေအနေများနှင့် တပ်ပိုင်းဆိုင်ရာ အခြေအနေများအား မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများအားပေးအပ်ပြီး အိမ်ထောင်သည်လိုင်း အတွင်းလှည့်လည် ကြည့်ရှု၍ မိသားစုများအားရင်း ရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...