လေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများ သန်လျင်တပ်နယ်ရှိ ရေတပ် လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာစဉ်။
နေပြည်တော် ၁၆-၅-၂ဝ၁၈
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ လေတပ်စခန်း ဌာနချုပ်များ၌ ဖွင့်လှစ်သင်ကြား လျက်ရှိသည့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) စခန်းပေါင်းစုံမှ သင်တန်းသား၊သင်တန်းသူဦးရေ ၅၆ဝ၊ အုပ်ချုပ်သူအရာရှိနှင့် ဆရာ၊ ဆရာမများပါဝင်သော လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ သွားရောက်လေ့လာ ကြသည်။
ဦးစွာ သင်တန်းသား၊ သင်တန်းသူများကို ဌာနချုပ်ရှိ သီရိမဟာ ဇေယျကျော်ထင် ခန်းမ၌ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်နှင့် ပတ်သက်သည့် သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက Shiphandling Simulator နှင့် Engine Room၊ Seamanship တို့ကိုလေ့လာပြီး တပ်မတော် (ရေ) ဗဟိုစာကြည့်တိုက်၊ စိတ်ဓာတ်မြှင့်တင် ရေးခန်းမနှင့် နက္ခတ်တာရာပြခန်းတို့ကို လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
အဆိုပါလေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် တပ်နယ်ရှိ စစ်ရေယာဉ်စုသို့သွား ရောက်လေ့လာကြပြီး ရန်ကုန်မြစ်အတွင်း စစ်ရေယာဉ်ဖြင့် စီးနင်းလိုက်ပါ၍ လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment