ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း သင်တန်းသား၊ သင်တန်းသူများ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ သွားရောက်လေ့လာပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။
နေပြည်တော် ၁၆-၅-၂ဝ၁၈
ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)စခန်းပေါင်း စုံမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၈ဝ ဦးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်သို့ လေ့လာရေး ခရီးသွားရောက်ကြသည်။
ဦးစွာ သင်တန်းသား၊ သင်တန်းသူများအား လေကြောင်းနှင့် အာကာသ သိပ္ပံပညာရပ်များနှင့် လေယာဉ်ပျံ သန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တပ်မတော်(လေ)မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများ လေယာဉ်ပျံသန်းမှုအတွေ့အကြုံရရှိစေရန် တပ်မတော်(လေ)မှ သယ်ယူပို့ဆောင် ရေးလေယာဉ်များဖြစ်သော့  Y-8 အမျိုးအစား လေယာဉ်များ၊ ATR-42 နှင့် ATR-72 လေယာဉ် တို့ဖြင့် လက်တွေ့လိုက်ပါစီးနင်းစေပြီး လေယာဉ်ပျံသန်း စီးနင်းရာတွင် လိုက်နာရမည့် အချက်များနှင့် လေကြောင်း ဆိုင်ရာ အတွေ့အကြုံများကို တာဝန်ရှိသူများက လေယာဉ်ပေါ်၌ ရှင်းလင်းပြသ ခဲ့ကြောင်း သတင်း ရရှိသည်။
#Themyawadydaily
No comments:
Post a Comment