Social Icons

Pages

Thursday, May 17, 2018

အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့မှ အော်ဂဲနစ်လက်ဖက် အစိုနှင့် အခြောက် ဝယ်ယူရန် ကမ်းလှမ်းထား



ရန်ကုန် ၁၇-၅-၂ဝ၁၈

ပြည်တွင်းမှ ထွက်ရှိသည့် အော်ဂဲနစ် လက်ဖက်အစိုနှင့် အခြောက်များကို အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့မှ ယခုနှစ်အတွင်း ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ လက်ဖက်အစုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းမြိုင်ထံမှ သိရသည်။

''အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့က အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်ရပြီးသား လက်ဖက်ကိုလိုချင်လို့ စိတ်ဝင်စားကြတယ်။ ဂျာမနီနိုင်ငံကတော့ တဖြည်းဖြည်းချင်း ဝယ်ယူဖို့ ကမ်းလှမ်းတာပါ''ဟု ဦးထွန်းမြိုင်က ပြောသည်။

ထို့ပြင် ဂျာမနီနိုင်ငံသို့ ၂ဝ၁၆ ခုနှစ်က လက်ဖက်ခြောက် ငါးတန် တင်ပို့ထားပြီး ယခုနှစ်တွင် လက်ဖက်ခြောက် ဝယ်ယူရန် ထပ်မံကမ်းလှမ်းထားကြောင်း၊ အမေရိကန်နိုင်ငံသို့ ၂ဝ၁၆ ခုနှစ်တွင် လက်ဖက်အစို ၁ဝ တန်တင်ပို့ထားပြီး ယခုနှစ်တွင် လက်ဖက်အစို တန် ၂ဝ ဝယ်ယူရန်ကမ်းလှမ်း ထားကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၇ ခုနှစ်က လက်ဖက်အစို ၁ဝ တန် တင်ပို့ပေးရန် ကမ်းလှမ်း ထားသော်လည်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ထောက်ခံချက်ရရှိရန် စောင့်နေရသည့်အတွက် မတင်ပို့နိုင်၍ ယခုနှစ်တွင် ထပ်မံကမ်းလှမ်း ထားခြင်းဖြစ်ကြောင်း သိရသည်။

''ပြည်ပက လက်ဖက်အစိုပို့ပေးဖို့ မနှစ်ကလည်း ၁ဝ တန်မှာထားပေမယ့် FDA က တခြားစားသောက်ကုန် တွေကများတော့ ကြန့်ကြာနေတာနဲ့ အခုထိထောက်ခံချက်ရဖို့ စောင့်နေရတာပါ '' ဟု ဦးထွန်းမြိုင်က ပြောသည်။

ယခင်က ပြည်ပနိုင်ငံများသို့ လက်ဖက် တင်ပို့ပါက စိုက်ပျိုးရေးဦးစီးဌာန၏ လက်မှတ်တစ်ခု တည်းဖြင့်သာ တင်ပို့နိုင်သော်လည်း ယခု FDA ထောက်ခံချက်ပါ လိုအပ်ကြောင်း၊ ထို့ပြင် ဝယ်ယူမည့် နိုင်ငံများကလည်း အော်ဂဲနစ် လက်မှတ်ရရှိပြီးသား လက်ဖက်များကိုသာ ဝယ်ယူရန် ကမ်းလှမ်းထားကာ မြန်မာနိုင်ငံ၌ အော်ဂဲနစ် လက်မှတ်ရကုမ္ပဏီ သုံးခုသာ ရှိသေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...