Social Icons

Pages

Thursday, May 17, 2018

ယခုနှစ်အတွင်း အိန္ဒိယသင်္ဘော လိုင်းများတွင် လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ သင်္ဘောသားများကို ခေါ်ယူမည်



ရန်ကုန် ၁၇-၅-၂ဝ၁၈

အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ ကမ္ဘာကျော် ကုန်သွယ်ရေး သင်္ဘောလိုင်းများ ဖြစ်သော Transworld နှင့် Campbell သင်္ဘောလိုင်းတို့သည် မြန်မာသင်္ဘောသား များအား ယခုနှစ်အတွင်း ခေါ်ယူမည်ဖြစ်ကြောင်း Ray သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ဝန်ဆောင်မှု လုပ်ငန်းပိုင်ရှင် ဦးကျော်မြဦးထံမှ သိရသည်။

မြန်မာ သင်္ဘောသားများကို ခေါ်ယူရာတွင် ရန်ကုန်မြို့ရှိ Ray သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့် ချိတ်ဆက်မည် ဖြစ်ပြီး အိန္ဒိယသင်္ဘောလိုင်း နှစ်လိုင်း၌ရှိသော သင်္ဘော ၂၃ စင်းတွင် တာဝန်ထမ်းဆောင်ရန် ဖြစ်ကြောင်း သိရသည်။

သြဂုတ်လမှစ၍ မြန်မာသင်္ဘောသား ၅ဝဝ ခန့်အား ခေါ်ယူမည်ဖြစ်ပြီး သင်္ဘော၏ ကုန်းပတ်နှင့် စက်ပိုင်းတွင် တာဝန်ထမ်းဆောင်ရန် အခြေခံသင်္ဘောသားမှ အရာရှိ အဆင့်အထိ ခန့်ထားမည်ဖြစ်ကာ သင်္ဘောတစ်စင်းလုံး၌ မြန်မာ သင်္ဘောသားများကို သီးသန့်တာဝန် ထမ်းဆောင်ရန် တာဝန်ပေးမည် ဖြစ်သည်။

''လက်ရှိမှာ သင်္ဘောလိုင်းတွေက မြန်မာ သင်္ဘောသားတွေကို ခေါ်ယူဖို့ နှစ်နိုင်ငံက တာဝန်ရှိသူတွေ ဆွေးနွေးနေပါတယ်။ ဒီသင်္ဘောလိုင်း နှစ်လိုင်းမှာ မြန်မာသင်္ဘော သားတွေရဲ့ အလုပ်အကိုင် အရည်အသွေးကို ကြည့်ပြီး သင်္ဘောသား ထပ်မံခေါ်ယူနိုင် တာကြောင့် ကြိုးစားဖို့လိုပါတယ်'' ဟု ဦးကျော်မြဦးက ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...