Social Icons

Pages

Friday, May 18, 2018

မြစ်ကြီးနား-မန္တလေးရထားလမ်းပိုင်းကို မိုင်းထောင်ဖောက်ခွဲမှုကြောင့် မန္တလေးဘူတာမှ ရထားသုံးစင်း ခရီးစဉ်ဖျက်သိမ်းခဲ့ရသော်လဲ ယနေ့မှစ၍ ပုံမှန်အတိုင်းပြေးဆွဲပေးနေ



မန္တလေး ၁၈-၅-၂ဝ၁၈

မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းကို မိုင်းထောင်ဖောက်ခွဲ မှုကြောင့် မန္တလေးဘူတာမှ ရထားသုံးစင်း ခရီးစဉ်ဖျက်သိမ်း ခဲ့ရသော်လည်း ယနေ့မှစ၍ ပုံမှန်အတိုင်း ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထား၊ မန္တလေးဘူတာ ကြီးမှရုံပိုင်ချုပ်ကြီး ဦးမြင့်သိန်းက ပြောပြသည်။

မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် အကြမ်းဖက် သောင်းကျန်းသူ များအဖွဲ့က မိုးကောင်းဘူတာနှင့် ထိုပူးဘူတာကြား (မိုင်တိုင်အမှတ်(၆၈၂/၁)နှင့် (၆၈၂/၂)ကြား မီးရထားသံလမ်း တံတားအမှတ် (၆၆၂)နှင့် မီးရထား သံလမ်း တံတားအမှတ် (၆၆၅) တို့တွင် မေ ၁၅ ရက် ည ၁၁ နာရီကျော်က မိုင်းထောင်ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မီးရထားသံလမ်း ကွေးကောက်ကာ ဘလောက်တုံးများ ပျက်စီးမှုများရှိခဲ့ကြောင်း၊ ၎င်းသံလမ်းပျက်စီးမှု များကြောင့် မန္တလေးဘူတာမှ မြစ်ကြီးနားဘက်သို့ မေ ၁၆ရက်နေ့ ထွက်ခွာမည့် အဆန်ရထားသုံးစင်း ယာယီရပ်နား ထားခဲ့ရကြောင်း သိရသည်။

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် မေ ၁၆ ရက်အတွက် မန္တလေးဘူတာမှ မြစ်ကြီးနားဘက်သို့ ထွက်ခွာ ပြေးဆွဲပေးနေသည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ခြင်းကြောင့် ၃၇အဆန်၊ ၅၅အဆန်နှင့် ၄၁ အဆန်တို့တွင် လိုက်ပါစီးနင်းရန်လက်မှတ်ဝယ်ယူ ထားခဲ့သည့် စုစုပေါင်းခရီးသွား ဦးရေပျမ်းမျှ ၁ဝဝဝ ကျော်ကို လက်မှတ်ခများ ပြန်အမ်းပေး ခဲ့ရကြောင်း သိရသည်။

"အခုလက်ရှိက မြစ်ကြီးနား ဘက်ကိုတော့ မန္တလေးဘူတာ ကနေငါးစင်းပြေးနေတယ်။ ရထားလမ်းပိုင်းကတော့ ပြန်ပြီးကောင်းလာပေမယ့် နောက်ထပ်အကြမ်း ဖက်မှုတွေ မဖြစ်စေဖို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ရထားတွေ ရဲ့ရှေ့ကနေ ပတ်ကင်းရထားတွေ ပါပါတယ်။ မီးရထားရဲတွေလဲ ရထားတွေပေါ်မှာ တိုးချဲ့နေရာ ချထားပေးပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...