Social Icons

Pages

Friday, May 18, 2018

မန္တလေး ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့လူနာ ရောက်ရှိမှု မြင့်တက်တစ်လလျှင် ပျမ်းမျှ ၁၅ ဦးခန့်ရောက်ရှိနေ



မန္တလေး ၁၈-၅-၂ဝ၁၈

မန္တလေးမြို့ အထွေထွေရောဂါ ကုဆေးရုံကြီးသို့ ပိုင်ရှင်မဲ့ လူနာရောက်ရှိမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်နေပြီး လက်ရှိတွင် တစ်လလျှင် ပိုင်ရှင်မဲ့လူနာပျမ်းမျှ ၁၅ ဦးခန့် ရောက်ရှိနေကြောင်း အဆိုပါဆေးရုံကြီးရှိ ဆေးလူမှု ဆက်ဆံရေးဌာနမှ သိရသည်။

ပိုင်ရှင်မဲ့လူနာအများစုမှာ ယာဉ်မတော်တဆ ထိခိုက်မှု၊ အာဟာရပြတ်လပ်မှု၊ ရာသီဥတုပြင်းထန်မှုနှင့် အရက်သေစာ သောက်စားမှု တို့ကြောင့်အများဆုံး ရောက်ရှိနေပြီး ရောက်ရှိသည့် လူနာထက်ဝက် ကျော်ခန့်သာ မိသားစု အဆက်အသွယ် ရရှိကြောင်း အဆိုပါဌာန လက်ထောက်ညွှန်ကြား ရေးမှူးဦးမင်းလွင်က ပြောပြသည်။

"ပိုင်ရှင်မဲ့တွေ ပိုများလာတယ်။ ဆေးဝါးကုသပေးပြီးလို့ မိသားစု မေးမြန်းစုံစမ်းလို့ရတဲ့ သူဆိုရင် ချိတ်ဆက်ပြီး မိဘဆွေမျိုးရှိတဲ့ နေရပ်ကို ပြန်ပို့ပေးတယ်။ မိသားစု ဆွေမျိုးမရှိရင်တော့ သူတို့သွားချင် တဲ့နေရာတွေ၊ အသင်းတွေ နဲ့လူမှုဝန်ထမ်း ဌာနတွေကို ပို့ပေးပါတယ်။ အခုနောက်ပိုင်းမှာ မိသားစု ဆွေမျိုးတွေနဲ့ ကင်းကွာတာတွေများ လာတယ်။ တစ်ယောက်တည်း ဖြစ်နေတာတွေကို မိသားစုက မသိကြဘူး။ ဒါကြောင့် မိသားစုတွေအနေနဲ့ ကိုယ့်မိသားစု ဝင်တွေနဲ့အမြဲ အဆက်အသွယ် ရှိစေချင်တယ်။ အချိန်တန်လို့ အဆက်အသွယ်မရရင် ဆိုင်ရာဌာနတွေမှာ စုံစမ်းမေးမြန်းပါ ဆေးရုံကတော့ အမြဲလုပ်သင့် လုပ်ထိုက်တာ ဆောင်ရွက်ပေးနေပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ပိုင်ရှင်မဲ့လူနာ များပြားလာခြင်းမှာ မိသားစုစားဝတ် နေရေးကျပ်တည်းမှု၊ တခြားနယ်မှ မန္တလေးမြို့ ပေါ်သို့တစ်ဦးတည်း စီးပွားလာရှာသူ ပိုမိုများပြားလာမှု၊ အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲသည့်အတွက် မိသားစုမှ စွန့်ပစ် ထားသူများ ပိုမိုများပြားလာခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

ဆေးရုံကြီးမှပိုင်ရှင်မဲ့ လူနာများကို ဆေးဝါး၊ အစားအသောက်နှင့် နေရပ်ပြန်စရိတ်များကို ကူညီပံ့ပိုးပေးလျက်ရှိပြီး ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ်အတွင်း ဆေးရုံတက် လူနာပေါင်း ၂ဝဝဝ ကျော်ကိုငွေကျပ်သန်း ၁၇ဝ ကျော်လူနာ ပံ့ပိုးစရိတ်များ ကူညီပံ့ပိုး ပေးနိုင်ခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...