Social Icons

Pages

Tuesday, April 3, 2018

ခွင့်မပြု ဓာတုဆိုးဆေး လုံးဝကင်းစင်သော မန္တလေးဈေးချိုတော် ဖြစ်ရေးကြိုးပမ်း



မန္တလေး ၃-၄-၂ဝ၁၈

မန္တလေး ဈေးချိုတော်ကို ခွင့်မပြုဓာတု ဆိုးဆေးလုံးဝ ကင်းစင်သော မန္တလေးဈေး ချိုတော်အဖြစ် ယခုနှစ်အတွင်း အကောင်အထည် ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ထိုသို့ ခွင့်မပြုဓာတု ဆိုးဆေးလုံးဝ ကင်းစင်သော မန္တလေးဈေးချို တော်အဖြစ် ဖော်ဆောင်နိုင်ရန် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန အစရှိသော အစိုးရဌာနများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဈေးချိုတော်အတွင်း ရှောင်တခင် စစ်ဆေးမှုများ ကိုလည်း ပြုလုပ်လျက်ရှိပြီး ခွင့်မပြုဆိုးဆေး ကင်းစင်ကြောင်းကို သုံးကြိမ်အထိ စစ်ဆေးပြီးမှသာ ခွင့်မပြုဆိုးဆေးကင်းစင် သည့်ဆိုင်အဖြစ် FDA မှ အသိအမှတ်ပြု ကတ်ပြား ထုတ်ပေးကာ စားသုံးသူများ ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရန် အာမခံပေးနေခြင်း ဖြစ်သည်။

လက်ရှိတွင် မန္တလေးဈေးချို တော်အတွင်း FDA က ခွင့်မပြုဆိုးဆေး ကင်းစင်သော ဆိုင်အဖြစ် အသိအမှတ်ပြု ကတ်ပြားထုတ် ပေးထားသည့် ဈေးဆိုင်ပေါင်း ၂ဝဝ ကျော်ရှိပြီး နောက်ထပ်ဈေးဆိုင် ၂၅ဝ ခန့်ကို အဆိုပါ ကတ်ပြားများ ဆက်လက် ထုတ်ပေးနိုင်စေရန် စစ်ဆေးဆောင်ရွက် ဆဲဖြစ်ကြောင်း သိရသည်။

FDA အသိအမှတ်ပြုကတ် ထုတ်ပေးထားသော ဈေးဆိုင်များကိုလည်း ရှောင်တခင် စစ်ဆေးမှုများ ဆက်လက်ပြုလုပ် နေမည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက FDA အသိအမှတ်ပြု ကတ်များ ပြန်လည်သိမ်းဆည်းမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...