Social Icons

Pages

Friday, April 6, 2018

အစာကုန်ကြမ်း ဈေးကြီးမှုကြောင့် ငါးဈေးနှုန်း မြင့်တက်လာနိုင်



ရန်ကုန် ၆-၄-၂ဝ၁၈

အစာကုန်ကြမ်း ဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် တချို့ငါး မွေးကန်များအတွင်း အရွယ်မရောက်သေးသော ငါးများဖော်၍ ရောင်းချနေသဖြင့် ငါးဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံငါး၊ ပုစွန်အစာထုတ်လုပ် ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာသက်မှူးထံမှ သိရသည်။

''ဧပြီတတိယ ပတ်ကစပြီး မိုးတွင်းကာလမှာ ငါးဈေးမြင့်တက် နိုင်တယ်။ အခုက ဈေးကွက်ဝင်ရင် ရပြီဆိုတာနဲ့ ကိုယ်လိုချင်တဲ့ အရွယ်အစား ရောက်အောင် မထားတော့ဘဲ ဈေးကွက်မှာ ရောင်းချလာကြတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဈေးကွက်ထဲ ငါးအဝင်နည်းသွားပြီး အစာဈေးကြီးလို့ အရွယ်မရောက်ခင် ငါးတွေဖော်နေကြ တဲ့ပြဿနာက ထုတ်လုပ်မှု ကွင်းဆက်ကို လျော့သွားစေမှာပါ'' ဟု ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးအောင်မြင်က ပြောသည်။

တိရစ္ဆာန် အစာကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ပြည်တွင်းမှ ငါးမွေးမြူရေး လုပ်ကိုင်နေသူများ အနေဖြင့် သတ်မှတ်ထားသည့် ငါးအရွယ်အစား အထိမရောက်မီ ကန်ဖော်၍ ဈေးကွက်တင် ရောင်းချခြင်းများ ရှိနေရခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ တိရစ္ဆာန် အစာဈေးကွက် လိုအပ်ချက်ရှိနေသဖြင့် မြန်မာနိုင်ငံမှ ပြောင်း၊ ဖွဲနုနှင့် ငါးခြောက်များကို တရားမဝင် ဝင်ရောက်ဝယ်ယူမှု များရှိနေ၍ ပြည်တွင်း လိုအပ်ချက် များပြားလာခြင်းမှာ အစာဈေးနှုန်း ကြီးမြင့် လာရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်။

လက်ရှိ ဖွဲနုဈေးတစ်ပေါင်လျှင် ငွေကျပ် ၉ဝ မှ ၉၅ ကျပ်အထိရှိပြီး ဆန်ကွဲဈေးနှုန်း များလည်း အနည်းငယ် မြင့်တက်နေကာ ပြောင်းဆန် တစ်ပိဿာလျှင် ငွေကျပ် ၆၅ဝ အထိ ဈေးပေါက်ပြီး ငါးခေါင်းပွငါးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ ခန့်အထိရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...