Social Icons

Pages

Tuesday, April 10, 2018

ဒိုက်ဦးမြို့ ရန်ကုန်-မန္တလေး ကားလမ်းတွင် ဆီဘောက်ဆာယာဉ်နှင့် ဖောကားယာဉ်တိုက်မိ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ



ဒိုက်ဦး ၁၀-၄-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ ဆင်စခန်းကျေးရွာ ရန်ကုန်မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၈၇/၂) နှင့် (၈၇/၃) ကြားတွင် ဧပြီ ၈ ရက် မွန်းလွဲ ၂ နာရီက ဖောကားယာဉ်နှင့် ဆီဘောက်ဆာယာဉ် တိုက်မှုဖြစ်ပွားရာ တစ်ဦး သေဆုံးပြီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း (အမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်လာသော BGO 2I/ ---- HINO အနီရောင် ဖောကားယာဉ်သည် မျက်နှာချင်းဆိုင်မှ မင်းဇော်ထိုက် (ဘ) ဦးမြင့်ဌေး ၅၄ ရပ်ကွက်ဇေယျာမြိုင်လမ်း တောင်ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး နေသူမောင်းနှင်လာပြီး ယာဉ်နောက်လိုက် ညီညီလတ် လိုက်ပါစီးနင်း လာသော YGN 2P/---- အစိမ်းရောင်ခေါင်းတွဲ 1TLR/ ---- နောက်တွဲယာဉ် ဆီဘောက်ဆာ၏ ဝဲဘက်ဘေးကို ဝင်ရောက်တိုက်မိရာ ယာဉ်နှစ်စီးလုံး လမ်း၏ဝဲဘက်ခြမ်းသို့ တိမ်းမှောက် သွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အနီရောင် ဖောကားယာဉ်မောင်း (အမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ) သည် ဦးခေါင်းကြေမွ ဒဏ်ရာဖြင့် အချင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဆီဘောက်ဆာ ယာဉ်မောင်း မင်းဇော်ထိုက်တွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိလဲယာဉ်နောက်လိုက် ညီညီလတ်တွင် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အနီရောင်ဖောကား ယာဉ်မောင်း (အမည်၊ နေရပ်လိပ်စာစုံစမ်းဆဲ)ကို ဒိုက်ဦးမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၃ဝ၄-(က)/၃၃၇ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...