Social Icons

Pages

Wednesday, March 28, 2018

ရေနည်းကာလတွင် ရေယာဉ်မတော်တဆမှု ပိုမိုဖြစ်ပွား တတ်သောကြောင့် ရေယာဉ်မောင်းသူများ ရေယာဉ်စည်းကမ်းနှင့် အညီလိုက်နာရန် လိုအပ်



မုံရွာ ၂၈-၃-၂ဝ၁၈

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်စသော မြစ်ကြီးများတွင် ယခုအခါ ရေနည်းကာလ ရောက်နေပြီ ဖြစ်သဖြင့် ရေယာဉ် မတော်တဆမှုများ ပိုမိုဖြစ်ပွား တတ်သောကြောင့် ရေယာဉ်မောင်းသူများ အနေဖြင့်ရေယာဉ် စည်းကမ်းချက်များ နှင့်အညီလိုက်နာရန် လိုကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရေလမ်းညွှန်ဌာန (မုံရွာ) လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်းထံမှ သိရသည်။

ခရီးသည်နှင့် ကုန်များ တင်ဆောင်၍ ရေယာဉ်ကြီးငယ်များ နေ့စဉ် ခုတ်မောင်းလျက် ရှိရာတွင် ကြုံတွေ့နိုင်သည့် ရေယာဉ်တိုက်မှု၊ နစ်မြုပ်မှု စသောရေယာဉ် မတော်တဆမှု အနည်းနှင့်အများ ကြုံတွေ့ရကြောင်း၊ ထိုသို့ ကြုံတွေ့ရာတွင် ရေများကာလထက် ရေနည်းကာလတွင် ရေယာဉ်မတော်တဆမှုမှာ ပိုမိုဖြစ်ပွား တတ်သောကြောင့် ဌာနဆိုင်ရာများက သတ်မှတ်ထားသော ရေယာဉ်စည်းကမ်းနှင့် အညီမောင်းနှင်ရန်လိုကြောင်း သိရသည်။

"နှစ်စဉ်ရေနည်း ကာလရောက်တိုင်း ရေကြောင်းပြောင်းလဲမှု၊ ရေကြောင်း ကျဉ်းမြောင်းမှု၊ ရာသီဥတုဖောက်ပြန်မှု တွေကြောင့် ရေနည်းကာလအချိန်မှာ ရေယာဉ် အန္တရာယ်အများဆုံး ကြုံတွေ့တတ်ပါတယ်။ ရေများချိန်မှာတော့ မြစ်ရေ အပြည့်အဝရှိနေတဲ့ အတွက်ကြီးမားတဲ့ ရေဝဲအန္တရာယ်ကလွဲလို့ စိုးရိမ်စရာ သိပ်မရှိပါဘူး။ ရေနည်းချိန်မှာတော့ ရေကြောင်း အနေအထား ပြောင်းလဲမှုတွေ၊ မမြင်နိုင်တဲ့ ရေအောက်အန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့အတွက် အထူးသဖြင့် ရေနည်းချိန်မှာ ရေယာဉ်စည်းကမ်းတွေကို အရင်ထက်ပိုပြီး ဂရုတစိုက် မောင်းဖို့လိုပါတယ်"ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရေလမ်းညွှန်ဌာန (မုံရွာ) လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ထွန်းက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...