Social Icons

Pages

Thursday, March 22, 2018

နဝမအကြိမ်မြောက် နိုင်ငံတကာ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ကျင်းပမည်



ရန်ကုန် ၂၂-၃-၂ဝ၁၈

နိုင်ငံပေါင်း ငါးနိုင်ငံမှ ဆိုင်ခန်းပေါင်း ၃ဝ ဖြင့် ခင်းကျင်းပြသမည့် ၂ဝ၁၈ ခုနှစ် နဝမအကြိမ်မြောက် နိုင်ငံတကာမြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း မြန်မာ့ကျောက်မျက် ရတနာ အရောင်းခန်းမ၌ မတ် ၃ဝ ရက်မှ ဧပြီ ၂ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် နဝမအကြိမ်မြောက် နိုင်ငံတကာမြန်မာ့ ကျောက်မျက် ရတနာပြပွဲ စာနယ်ဇင်းမိတ်ဆက်ပွဲမှ သိရသည်။

အဆိုပါ ပြပွဲဖွင့်ပွဲကို မတ် ၃ဝ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ဟောင်ကောင်၊ ဂျာမနီနှင့် အိန္ဒိယနိုင်ငံတို့မှ လာရောက်ပြသမည် ဖြစ်ကာ Office Express မှ အဓိကပံ့ပိုး ပေးထားကြောင်း သိရသည်။

ပြပွဲတွင် ဂျာမနီနိုင်ငံမှ လက်ဝတ်ရတနာ ဖန်တီးပြုလုပ်ခြင်းနှင့် ပတ်သက်သော နောက်ဆုံးပေါ် နည်းပညာများကို ပြသမည်ဖြစ်၍ ကျောက်မျက်ရတနာ လုပ်ငန်းစတင် လုပ်ကိုင်မည့် လုပ်ငန်းရှင်များ အနေဖြင့် လာရောက်လေ့လာ သင့်ကြောင်း သိရသည်။

ထို့ပြင် ပြပွဲတွင် ကျောက်မျက်ရတနာ အကြမ်းထည်နှင့် အချောထည်များ၊ ပတ္တမြား၊နီလာ၊ ပုလဲနှင့်ကျောက်စိမ်း အစရှိသည့် ကျောက်မျက်ရတနာများကို ဝယ်ယူရရှိနိုင်ပြီး မြန်မာနိုင်ငံ၏ အဖိုးတန်ကျောက်မျက် သယံဇာတများကိုပါ လေ့လာတွေ့ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...