Social Icons

Pages

Wednesday, March 14, 2018

စစ်ကိုင်းမြို့တွင် အပန်းဖြေဥယျာဉ်နှင့် ခေတ်မီကစားကွင်းကို ယခုလကုန် ဖွင့်လှစ်သွားမည်



စစ်ကိုင်း ၁၄-၃၂ဝ၁၈

စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား အနီး စစ်ကိုင်း-မုံရွာသွား ကားလမ်းမဘေးတွင် တည်ဆောက်ထားသည့် Happy Life Water Park And garden အမည်ရှိ အပန်းဖြေဥယျာဉ်နှင့် ခေတ်မီကစားကွင်းကို မတ်၃၁ရက်တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Happy Life Water Park And garden အမည်ရှိခေတ်မီ ကစားကွင်းကို စစ်ကိုင်း-မုံရွာသွား ကားလမ်းမဘေး၊ စီတီးရပ်ကွက်အတွင်းရှိ မြေဧက ၁၅ဒသမ ၁၃ ဧကပေါ်တွင် ၂ဝ၁၇ခုနှစ် စက်တင်ဘာလမှ စတင်၍ မြေယာပြုပြင်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီး နေပြီဖြစ်၍ မကြာမီဖွင့်လှစ်သွားနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါအပန်းဖြေ ဥယျာဉ်နှင့် ခေတ်မီကစားကွင်း တည်ဆောက်သည့် လုပ်ငန်းရှင် ဦးအောင်မျိုးထွန်းက ပြောပြသည်။

အဆိုပါ Happy Life Water Park And garden အမည်ရှိ အပန်းဖြေဥယျာဉ်နှင့် ခေတ်မီကစားကွင်းတွင် Water Boom နှင့် ကလေးငယ်များဆော့ကစားနိုင်ရန် ကစားကွင်းအစုံအလင်ပါဝင်ပြီး လာရောက်နားခိုသူများ စိတ်အေးချမ်းသာစွာအပန်းဖြေနိုင်ရန် အဆောက်အအုံငယ်လေးများနှင့် အမှတ်တရအလှ ဓာတ်ပုံများရိုက်ကူးနိုင်ရန် သစ်ပင်၊ ပန်းပင်အလှများစသည်တို့ကို ပြုလုပ်ဆောင်ရွက် ထားရှိကြောင်းနှင့် ဝင်ကြေးများအဖြစ် တစ်ဦးလျှင် ငွေကျပ် ၁၅ဝဝ ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...