Social Icons

Pages

Wednesday, March 14, 2018

တစ်နှစ်ကျော်အတွင်း စည်းကမ်းမဲ့ YBS ယာဉ်အစီးရေ ၁၇ဝဝဝ ကျော်ကို အရေးယူထား



ရန်ကုန် ၁၄-၃-၂ဝ၁၈

၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂ဝ၁၈ ခုနှစ် မတ်လဆန်း အတွင်းစည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် ဖမ်းဆီးအရေးယူ ထားသော YBS ယာဉ်အစီးရေ ၁၇ဝဝဝ ကျော်အထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယာဉ်ကြောရှုပ်ထွေးမှုများကို ဦးစားပေး ဖြေရှင်းလျက်ရှိပြီး စည်းကမ်းမဲ့မောင်းနှင် သောယာဉ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖမ်းဆီးအရေးယူ လျက်ရှိသည်။

ထိုကဲ့သို့ အရေးယူရာတွင် စည်းကမ်းမဲ့ မောင်းနှင်သော ယာဉ်အစီးရေ ၂၅ဝဝဝ ခန့်အထိရှိပြီး လမ်းမများပေါ်၌ စည်းကမ်းမဲ့ရပ်နားသောယာဉ်များနှင့် အရှိန်ပြင်းမောင်းနှင်သော ယာဉ်များမှာ အများဆုံးဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စည်းကမ်းမဲ့ မောင်းနှင်သော ကိုယ်ပိုင်ယာဉ်အစီးရေ ၃၃ဝဝ ကျော်နှင့် အငှားယာဉ်အစီးရေ ၄၆ဝဝ ကျော်ကို ဖမ်းဆီးအရေးယူ ခဲ့ကြောင်း YRTA မှ သိရသည်။

''YBS ယာဉ်လိုင်းက ကားတွေအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ လိုက်နာခြင်းမရှိတဲ့ ယာဉ်မောင်းတွေကို ထိရောက်စွာ အရေးယူမှာပါ'' ဟု ၎င်းက ဆက်လက် ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...